24 w - Translate

တစ်ခါတုန်းက သိမ်းငှက်မတစ်ကောင်ဟာ ကောင်းကင်မှာ ပျံဝဲနေတုန်း ဥအုချင်စိတ် ထိန်းမရ ဖြစ်လာခဲ့တယ်တဲ့…။
ဖြစ်ချင်တော့ ကြက်မတစ်ကောင်ဟာလည်း အောက်မှာ ဥဝပ်နေတယ်…။
ဒါကြောင့်သိန်းငှက်မဟာ မြေပြင်မှာ ဥဝပ်နေတဲ့ ကြက်မဝပ်ကျင်း ရှိရာကို ထိုးဆင်းလာခဲ့တော့တယ်။
သိန်းငှက်မကိုတွေ့တော့ ကြက်မက
ကြောက်လန့်ပြီး ထွက်ပြေးသွားတာပေါ့။
ဒီလိုနဲ့ သူ့ဝပ်ကျင်းထဲ သိန်းငှက်မဟာ ဥအုပြီး ပြန်ထွက်သွားတဲ့နောက်မှ
ကြက်မဟာ ဝပ်ကျင်း ပြန်ဝပ်နေခဲ့တယ်…။
အချိန်တွေ ကြာလာပြီးတဲ့နောက်မှာတော့ သိန်းငှက်ဥလေးဟာ ကြက်ဥတွေနဲ့အတူ အကောင်ပေါက်လာခဲ့တော့တယ်လေ..။
ကြက်နဲ့သိန်းငှက်ဆိုတာ အရွယ်အစားအရရော ပုံသဏ္ဍန်ကပါ ငယ်စဉ်သိပ်မကွာတော့ ကြက်တွေအားလုံးက သိန်းငှက်လေးကို ကြက်လို့ပဲထင်ကြသလို သိန်းငှက်လေးဟာလည်း သူ့ကိုယ်သူ ကြက်လို့သာ ထင်နေတာပေါ့…။
''ဘုတ်ထိုင်းလေး''
ဒါဟာ ကြက်တွေ သိန်းငှက်ကလေးကို ခေါ်တဲ့အမည်ပေါ့။
သိန်းငှက်မျိုးဆိုတာ ကြက်တွေထက်စာရင်
အကောင်နည်းနည်းထွားတော့
ကြက်တွေလို နေရတဲ့အခါမှာ
သူဟာ ကြက်တွေနဲ့မတူလေးဖင့်နေတာကိုး။
တစ်နေ့မှာတော့ သိန်းငှက်ကလေးအပါအဝင် ကြက်တွေအုပ်လိုက် အစာရှာနေတုန်းးး
''ပြေးးကြဟေ့''
''ပုန်းနေကြ''
''ဝပ်နေ ဝပ်နေ''
''ဟာ သေကုန်တော့မှာပဲ''
အစရှိတဲ့ ကြောက်လန့်တစ်ကြား အော်သံတွေနဲ့အတူ ကြက်အုပ်ကြီးတစ်ခုလုံ ကမ္ဘာပျက်တော့မယ့်အတိုင်း
ပုန်းသူကပုန်း အော်သူကအော်နဲ့ ဆူညံ့ပွက်လောရိုက်သွားတယ်။
သိန်းငှက်လေးဟာလည်း တစ်ခြားကြက်တွေနည်းတူ
ကြောက်လန့်တစ်ကြား ပုန်းနေတာပေါ့။
သိန်းငှက်လေးဟာ ပုန်းနေရင်းနဲ့ မလှမ်းမကမ်းမှာဝပ်နေတဲ့ ကြက်အိုကြီးကို မြင်တော့ လှမ်းမေးလိုက်တယ်…။
''အဘ ကျွန်တော်တို့ ဘာကြောက်လို့ ပုန်းနေရတာလဲဟင်…''
ကြက်အိုကြီးဟာ ထိတ်ထိတ်လန့်လန့်နဲ့ ဘေးဘီဝဲယာကို လှမ်းကြည့်လိုက်ပြီးမှ ဘုတ်ထိုင်းလေးအမေးကို ပြန်ပြောတယ်။
''ဟိုးး အပေါ်ကို မော့ကြည့်လိုက်စမ်း ဘုတ်ထိုင်းလေး…
ငှက်တစ်ကောင် ပျံနေတာတွေ့လား''
ကြက်အိုကြီး ညွှန်ပြတဲ့ဆီကို သိန်းငှက်လေး မော့ကြည့်လိုက်ပြီး
''တွေ့တယ် အဘ''
''အေး အဲ့ဒါ သိန်းငှက်လို့ ခေါ်တယ်။ ငှက်တွေထဲမှာတော့ ဂုဏ်အရှိဆုံးနဲ့ စွမ်းအား အကြီးဆုံးပေါ့။
သူဟာ ငါတို့လိုကြက်တွေနဲ့ အရွယ်အစားရော ပုံသဏ္ဍန်ပါ သိပ်မကွာပေမယ့် ပျံသန်းနိုင်တာကြတော့
ငါတို့လို ဝါးတစ်ရိုက်သာသာလောက်ပဲ မဟုတ်ဘူး။
ဟိုးးပေပေါင်း သောင်းချီအမြင့်ထိ တတ်နိုင်ပြီး တောင်ဝန်ရိုးစွန်းကနေ မြောက်ဝန်ရိုးစွန်းထိ ပျံနိုင်တယ်ကွ။
နောက်ပြီး ငါတို့လို တစ်နေကုန်မြေကြီးယက်ပြီးမှ မဆို့မပို့ ပိုးကောင်မွှားကောင်သေးသေးလေး
လောက်ပဲ မဝမလင် စားရတာမဟုတ်ဘူး။
အဲဒိ အမြင့်ကြီးကနေပြီးတော့မှ အောက်ကိုလှမ်းကြည့်ပြီး ငါတို့လိုကြက်ကလေးတွေ
ဝက်ပေါက်ကလေးတွေ
မြွေတွေ စတဲ့အကောင်တွေကို ထိုးသုတ်ပြီးမှ စားတာကွ။
အမြင့်ကြီးကနေလည်း ငါတို့လို
အောက်ကကောင်တွေကိုကောင်းကောင်းမြင်နိုင်တယ်။ သိပ်ပြီးမျက်စိလျှင်တဲ့ ငှက်မျိုးတွေပေါ့ကွာ။
အခုလည်း ငါတို့ကိုမြင်သွားမှာဆိုးလို့့ ပုန်းနေကြရတာပေါ့ ဘုတ်ထိုင်းလေးရ…''
…………………
…………………
ဒီလိုနဲ့ သိန်းငှက်လေးဟာ ကြက်အိုကြီးပြောပြတဲ့
သိန်းငှက်တွေအကြောင်းသိပြီး သိန်းငှက်ဘဝကို အရမ်းအားကျသွားတော့တာပေါ့…။
သူနဲ့တွေ့တဲ့သူတိုင်းကိုလည်း သိန်းငှက်တွေဟာ
ဘယ်လောက်စွမ်းကြောင်း ခွန်အားရှိကြောင်း
သူတို့လိုကြက်တွေနဲ့ ဘယ်လောက်ကွာကြောင်း အားရပါးရပြောပြလေ့ရှိတယ်တဲ့…။
ဒါပေမယ့်
ဝမ်းနည်းစရာကောင်းတာက သိန်းငှက်လေးဟာ သူ့ကိုယ်သူ သိန်းငှက်မျိုးမှန်း သိမသွားဘဲ သိန်းငှက်တွေအကြောင်း ပြောပြတတ်တဲ့ ကြက်ဘုတ်ထိုင်းလေးဘဝနဲ့သာ
ဝါးတစ်ရိုက်လောက်ပဲ ဖလက်ဖလက်ပျံရင်း…
တစ်နေကုန် ပင်ပင်ပန်းပန်း မြေကြီးယက်ရင်း…
မဆို့မပို့ ပိုးကောင်မွှားကောင်လေးလောက်
စားရင်းသောက်ရင်း …နဲ့ပဲ သူ့ဘဝအဆုံးသတ် သွားခဲ့ရတယ်တဲ့…။
…………………………………………………………
ပုံပြင်လေးပြီးသွားတော့ တွေးစရာရှိလာတာက
ကျွန်တော်တို့တွေကရော…??
အမျိုးမျိုးသော အကြောင်းကြောင်းနဲ့မို့ ဝါးတစ်ရိုက်သာသာလောက် ပျံခွင့်ပြုတဲ့…
မဆို့မပို့လောက်ကို တစ်နေကုန်ယက်ရှာနေရတဲ့…
ကြက်ဘုတ်ထိုင်းလေးတွေ အဖြစ်နဲ့ပဲ
နေသွားကြတော့မလားး?
ဒါမှမဟုတ်
သိန်းငှက်မျိုးတွေရော ဖြစ်မနေနိုင်ဘူးလား.?
#လာဗျာ.!
#ကျွန်တော်တို့တတွေရဲရဲဝံ့ဝံ့အတူတူပျံသန်းကြည့်ကြရအောင်.…။
(Internet ပုံပြင်တစ်ပုဒ်ကို ဘာသာပြန်ကြည့်ထားတာဖြစ်ပါတယ်ခင်ဗျာ..)
လေးစားလျက်..
Credit : zar ni nyunt lwin

image