10 ပတ် - ဘာသာပြန်ပါ။

DeepSeek သုံးလာတဲ့ တရုတ်ဖုန်းတွေ
တရုတ်ဖုန်းကုမ္ပဏီတွေက တရုတ် AI နည်းပညာကို ဖုန်းတွေမှာ ထည့်သုံးလာပါပြီ။
ဒီနှစ်ထဲ အကြီးအကျယ် ပေါက်သွားတဲ့ DeepSeek ရဲ့ R1 LLM မော်ဒယ်ကို စမတ်ဖုန်းတွေမှာ ထည့်သုံးဖို့ တရုတ်ဖုန်း OEM တွေက လက်ခံလာတာပါ။ DeepSeek ကို ဖုန်းမှာ ထည့်သုံးဖို့ စလုပ်ခဲ့တဲ့ OEM တစ်ခုက Nubia ပါ။
ZTE ရဲ့ ဖုန်း brand တစ်ခု ဖြစ်တဲ့ Nubia က သူ့ဖုန်းတွေမှာ DeepSeek ကို full-scale ပေါင်းစည်းထားတယ်လို့ ပြောပါတယ်။ parameter ၆၇၁ ဘီလျံ ပါတဲ့ DeepSeek (full-scale) မော်ဒယ်ကို Nubia ရဲ့ Z70 Ultra ဖုန်းသစ်မှာ စပြီး စမ်းသုံးနေပြီလို့ ဆိုပါတယ်။
ZTE လိုပဲ Huawei ကလည်း သူ့ရဲ့ Xiaoyi assistant ကို DeepSeek-R1 နဲ့ ချိတ်ဆက်ထားတာပါ။ AI experience ကောင်းကောင်း သုံးချင်တဲ့ Huawei users တွေက Xiaoyi ကတစ်ဆင့် DeepSeek chatbot နဲ့ စကားပြောနိုင်မှာပါ။
ဒါမျိုးကို Honor ကလည်း OPPO ကလည်း လုပ်နေတာ ရှိပါတယ်။ OPPO Find N5 ခေါက်ဖုန်းမှာ DeepSeek-R1 ထည့်သုံးထားတာ ဖြစ်လို့ voice commands နဲ့ DeepSeek ကို တိုက်ရိုက် ဆက်သွယ်လို့ ရပါတယ်။ DeepSeek-R1 ကနေ ထုတ်လိုက်တဲ့ results တွေကိုလည်း ဖိုင်တွေအနေနဲ့ ပြန်ထုတ်ပေးမှာပါ။
Honor ကတော့ ပြီးခဲ့တဲ့အပတ်ကပဲ သူ့ Yoyo Store မှာ DeepSeek-R1 ရှေ့ပြေးအစမ်းဗားရှင်းကို ထည့်ဖြန့်ချိထားတာ တွေ့ရပါတယ်။ MagicOS 8.0 နဲ့အထက် Honor ဖုန်းတွေမှာ YoYo assistant ကို အဆင့်မြင့် DeepSeek-R1 model သုံးနိုင်အောင် upgrade မြှင့်ပေးထားပါတယ်။
Xiaomi နဲ့ Vivo တို့ဘက်က DeepSeek ထည့်မယ့်အစီအစဉ်အကြောင်း ပြောထားတာမျိုး မရှိသေးပါဘူး။ တရုတ် OEM တွေကတော့ DeepSeek ဟာ assistant ရဲ့ ဉာဏ်ရည်မြင့်တုန့်ပြန်မှု ၊ personalized ဝန်ဆောင်မှုနဲ့ deep thinking ပိုင်းဆိုင်ရာတွေကို အဆင့်မြှင့်တင်နိုင်မယ်လို့ ပြောထားပါတယ်။
DeepSeek ထုတ် AI Models တွေကို တရုတ်ဖုန်းကုမ္ပဏီတွေအပြင် တယ်လီကွန်းလုပ်ငန်းတွေကလည်း သုံးလာတာ ရှိပါတယ်။ တရုတ်ရဲ့ ထိပ်တန်း တယ်လီကွန်းအုပ်စုသုံးခုဖြစ်တဲ့ China Telecom , China Mobile နဲ့ China Unicom တို့မှာ DeepSeek ကို သူတို့ရဲ့ cloud computing ပလက်ဖောင်းတွေမှာ ‌ပေါင်းစည်းလာတယ်လို့ ဆိုပါတယ်။
တရုတ်ဖုန်းနဲ့ တယ်လီကွန်းကုမ္ပဏီတွေမှာ DeepSeek ကို integrate လုပ်လာပေမယ့် တချို့နိုင်ငံတွေမှာတော့ ဒီ AI ကို ပိတ်တာ ၊ အစိုးရနဲ့ အေဂျင်စီဌာနသုံးဖုန်းတွေမှာ မသုံးရအောင် ကန့်သတ်တာတွေ ရှိနေပါတယ်။

image