24 w - Translate

ပလတ်စတစ်ဘူးခွံတွေသုံးပြီး ရေပေါ်ကျွန်း တည်ဆောက်နေထိုင်ခဲ့သူ

ဗြိတိန်နိုင်ငံသား ဗိသုကာပညာရှင် ရစ်ချက်ဆိုဝါက စွန့်ပစ်ပလတ်စလစ်ဘူးခွံပေါင်း ၂၅၀၀၀၀ ကျော်ကို အသုံးပြုပြီး ကာရေဘီယံပင်လယ်ထဲမှာ ရေပေါ်ကျွန်းတစ်ခု တည်ဆောက်ကာ နေထိုင်ခဲ့ဖူးပါတယ်။ သူဟာ ပိုက်ကွန်တွေထဲမှာ ပလတ်စတစ်ဘူးခွံတွေကိုထည့်၊ အပေါ်ကနေ သဲဖုံးပြီး ၆၆ ပေ၊ ၅၄ ပေ ကျယ်ဝန်းတဲ့ ရေပေါ်ကျွန်း တည်ဆောက်ခဲ့တာပါ။

သူ့ရဲ့ ရေပေါ်ကျွန်းပေါ်မှာ ၂ ထပ်အိမ်တစ်လုံး ဆောက်ထားပြီး ဆိုလာစွမ်းအင်သုံး မီးဖို၊ ရေအိမ်၊ စလောင်းစက်၊ ရေအိမ်တွေလည်း တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ရေပေါ်ကျွန်းမှာ ကမ်းခြေ ၃ ခုကိုလည်း ထည့်သွင်းထားပါသေးတယ်။ ရစ်ချက်ဆိုဝါရဲ့ ရေပေါ်ကျွန်းဟာ ၂၀၀၅ ခုနှစ်မှာတော့ ဟာရီကိန်းမုန်တိုင်း အမ်မလီကြောင့် ပျက်စီးသွားခဲ့ရပါတယ်။

Ref: Spiral Island : Richart "Reishee" Sowa

image