10 w - Translate

ဟယ်ရီကိန်းကတော့ ဂိုးသွင်းစက်ကြီးဖြစ်နေဆဲပါပဲ။ သူ့ကို ယူရိုသန်း ၁၀၀ ပေးရတာ ထိုက်တန်တယ် ဆိုတာကို ဒီနှစ်ရာသီမှာ ဂိုးတွေမှန်မှန်သွင်းပြီးတော့ကို သက်သေပြနေတာပါ၊ ဘိုင်ယန်အတွက် ၂၉ ပွဲ ကစားပြီး ၂၉ ဂိုး ဒီရာသီမှာသွင်းထားပါတယ်။
ဟယ်ရီကိန်းက ဒီခြေအတိုင်းဆိုရင် ဥရောပတစ်ခွင်မှာ ဆက်ပြီးတောက်ပနေဦးမှာပါ။ ပြိုင်ပွဲစုံ ၂၉ ဂိုး အပြင် ဂိုးဖန်တီးမှု ၁၀ ကြိမ်လည်းပြုလုပ်ထားပါသေးတယ်။ ဟယ်ရီကိန်းရဲ့ ဒီရာသီမှာသွင်းယူထားတဲ့ ဟက်ထရစ် အရေအတွက်က ၄ ကြိမ်အထိရှိပါတယ်။
ဒီလိုခြေစွမ်း ဂိုးသွင်းနှုန်းနဲ့ တိုက်စစ်မှူးကြီးအတွက် လိုအပ်နေတာဆိုလို့ ဆုဖလားတစ်လုံးလောက်ပဲ လိုပါတော့တယ်။ ဒီနှစ်ရာသီ ဘိုင်ယန်က အနည်းဆုံးသော ဆုဖလားတစ်လုံးထက်ပိုပြီးမျှော်လင့်လို့ ရတဲ့ အခြေအနေကြောင့်တော့ ကိန်းတစ်ယောက် ဖလားနဲ့ကံစပ်တော့မယ်ထင်ပါတယ်။

image