အင်းစိန်မှာ တွဲကားက ယာဥ်လေးစီးဆင့်တိုက်၊ ဆယ်တန်းကျောင်းသူသေဆုံး
ဖေဖော်ဝါရီ ၁၄
ရန်ကုန်၊အင်းစိန်မြို့နယ်၊ဖော့ကန်စျေးအနီးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်တေ့ ညနေပိုင်းက တွဲကားမှ ကားလေးစီးဆင့်တိုက်မှုဖြစ်ပြီး ဆယ်တန်းစာမေးပွဲဖြေဆိုတော့မယ့်ကျောင်းသူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
" ၃နာရီ ၁၀မိနစ်လောက်မှာ သံချောင်းတွေတင်လာတဲ့ တွဲကားကဘရိတ်ပေါက်ပြီးတော့ လမ်းဘေးမှာလမ်းလျှောက်နေတဲ့ ကျောင်းသူကလေးမလေးကို ဝင်တိုက်မိတယ် ။ကောင်းဆေးရုံရှေ့က လူနာတင်ယာဥ်ကားတွေရောရပ်ထားတဲ့ ကားလေးစီး ထပ်ဆင့်တိုက်တယ်။ ကောင်မလေးက ကားဘီးအောက်ထဲရောက်သွားပြီ။ ခန္ဓာကိုယ်လည်းတစစီပဲ။ဦးနှောက်တွေလည်းထွက်နေတယ်။" လို့ မြေပြင်ကူညီရေးလမ်းကြောင်းသွားခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ ဝင်ကပြောပါတယ်။
အတိုက်ခံရတဲ့ ကျောင်းသူကောင်မလေးဟာ အမေဖြစ်သူနဲ့လမ်းလျှောက်လာစဥ် တွဲကားတိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ လက်ရှိမှာ သေဆုံးရုပ်အလောင်းကို ဆေးရုံပို့ထားတယ်လို့သိရပါတယ်။
လူသေဆုံးသည်အထိ ယာဥ်တိုက်မှုဖြစ်ခဲ့တဲ့ တွဲကား ယာဥ်မောင်းကိုတော့ ယာဥ်တိုက်မှုဖြစ်ပွားရာနေရာမှာ မတွေ့ရှိရဘူးသိရပါတယ်။
" ကျွန်တော်တို့ရောက်တော့ ယာဥ်မောင်းမရှိတော့ဘူး။ ပတ်ဝန်းကျင်ကလူတွေပဲဝိုင်းထိန်းသိမ်းပြီးရဲလက်အပ်သလား ။ဘယ်လိုဖြစ်သွားလဲမသိရဘူး။ကောင်မလေးကတော့ ဖော့ကန်ကပါပဲ။ အဲဒီနေရာမှာမကြာခဏယာဥ်တိုက်မှုတွေဖြစ်တယ်။" လို့ သူကထပ်မံပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်လောက်တုန်းကလည်း အဆိုပါဖော့ကန်စျေးအနီးမှာပဲ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီတယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖေဖောဝါရီ ၆ ရက်နေ့ညကလည်း
မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းမပေါ်မှာ ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ ပြီး လူသုံးယောက် သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း ယာဥ်တိုက်မှုကြောင့် လူပေါင်း ၄၄၆ ယောက်သေဆုံးမှုရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနစာရင်းအရသိရပါတယ်။
Photo - လူမှုကူညီရေးအဖွဲ့
#centralnewsnaypyitaw

