10 w - Translate

နိုင်ငံတကာနှင့် ချိတ်ဆက်ကာ မှောင်ခိုရောင်းဝယ်ခြင်း ပပျောက်သွားပြီဟု ရန်ကုန်ရွှေအသင်းပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး မှောင်ခိုရောင်းဝယ်ခြင်းတွေ ပပျောက်သွားပြီလို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) တာဝန်ရှိသူက ပြောကြားလာပါတယ်။
ဈေးကစားတဲ့သူတွေကြောင့် ရွှေဈေးနှုန်းတွေ အဆမတန် မြင့်တက်လာရပြီး အဓိကအားဖြင့် ကောလာဟလတွေကြောင့်လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ထောက်ပြပါတယ်။
“အခုတော့ ကောလာဟလတွေလည်း ပျောက်သွားပါပြီ။ လေပတ်ကား (နှုတ်ဖြင့် အရောင်း/အဝယ်ပြုလုပ်ခြင်း) တွေလည်း ပျောက်သွားပြီ”လို့ ဆိုပါတယ်။
ရွှေ ၁ ကျပ်သား အလေးချိန်ကို ၁၆.၆ ဂရမ်အစား ၁၆.၃၂၉၃၂၅ ဂရမ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့်လည်း ရွှေဆိုင်တွေအနေနဲ့ အမြတ်တိုးလာကြောင်း ၎င်းက ဆက်ပြောပါတယ်။
“အရင်က ပိဿာချိန် ၁၀ ရှိတဲ့သူက ၁၆.၃၂၉၃၂ နဲ့ ပြန်တွက်ရင် ရွှေလေးချိန်တိုးလာတာဖြစ်တဲ့အတွက် ဆိုင်တွေအားလုံးလည်း အမြတ်အစွန်းရှိတယ်။ နှစ်ချုပ်လိုက်ရင် ၁၀ ပိဿာ ရင်းထားတဲ့သူက ၁၁ ပိဿာဖြစ်လာ၊ ၁၂ ပိဿာဖြစ်လာ အဲ့ဒါမှ ရွှေမြတ်တယ်လို့ ခေါ်ပါတယ်”လို့ ဦးမျိုးမြင့်က ရှင်းပြပါတယ်။
ရွှေဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ရွှေဆိုင်တွေအနေနဲ့ အမြတ်ရရှိလာတာမျိုးမဟုတ်ဘဲ ရွှေတိုးမှ အမြတ်ရတာလို့လည်း ၎င်းက ပြောကြားထားပါတယ်။
ဒီနေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၉၁၇ ဈေးရှိချိန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၄၉၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

image