24 w - Translate

အသုပ်ထဲတို့ ဟင်းချက်တဲ့ အထဲတို့ ဟင်းခတ်မှုန့်မပါရင် စားရတာအဆင်မပြေရင် အိမ်လုပ် ကြက်သားမှုန့်လေး လုပ်ထားကြပါရှင့်

ကြက်သားရင်အုံသား -၃၀ သား
ကြက်သွန်နီဥကြီး -၁ လုံး (စိတ်ထားပါ)
ကြက်သွန်ဖြူ အမှုန့် -၁ ဇွန်း(အိမ်မှာရှိတဲ့အမှုန့်ကိုအလွယ်ထည့်လိုက်တာပါ)
နံနံပင် -၃ ခက်
ငရုပ်ကောင်း -၁ဇွန်း (လဘက်ရည်ဇွန်း လုပ်ပြီးသားအမှုန့်ရှိလို့ အမှုန့်ထည့်လိုက်တာပါ)
Pink salt -နဲနဲ
ကြက်သားကို အတုံးကြီးတုံးပြီးပြုတ်ပါတယ် ရရင် အမျှင်လေးတွေ လုပ်ပြီး oven ထဲ ထည့်လဲရပါတယ် ထွေး ကတော့ air fryer ထဲ တမျိုးချင်းဆီ ထည့်ပြီး ခြောက်အောင်လုပ်ပါတယ် အားလူံးခြောက်သွားရင် ကြိတ်စက်ထဲ အမှုန့်ကြိတ်လိုက်ပါတယ် ဘာ ဓါတုဆေးမှမပါ ဝင်တဲ့ သဘာဝကြက်သားမှုန့်လေး ☺️☺️
ထွေး ကတော့ ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါတယ်ရှင့်

image