24 w - Translate

စိတ်ပျက်စရာရလဒ်နဲ့ ဗိုလ်လုပွဲ တက်သွားတဲ့ မန်ယူ

မိနစ် ၇၀ အထိ ၃ ဂိုးပြတ် ဦးဆောင်နေပြီးမှ ချေပဂိုး ၃ ဂိုး ပြန်ပေးခဲ့ရတဲ့ မန်ယူရဲ့ ဖြစ်ရပ်ကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာပါပဲ။ ၃ ဂိုးပြတ် ဦးဆောင်နေတဲ့ပွဲကို (သာမန်ပွဲချိန်အတွင်း) အနိုင်မရခဲ့တာဟာ ၁၁ နှစ်အတွင်း မန်ယူအတွက် ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒါတောင် အချိန်ပိုမှာ ကိုဗင်ထရီ သွင်းတဲ့ဂိုး လူကျွံနေလို့ မန်ယူ မထွက်ခဲ့ရတာပါ။

ပင်နယ်တီ အဆုံးအဖြတ်မှာ ကက်စမဲရိုးရဲ့ကန်ချက်ကို ကိုဗင်ထရီ ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမဲ့ အိုဟားရားရဲ့ကန်ချက်ကို အိုနာနာ ကာကွယ်ပြီး ဘီရှက်ရဲ့ကန်ချက် ဘားကျော်သွားခဲ့လို့ မန်ယူ ဗိုလ်လုပွဲ ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာတော့ အခါးသီးဆုံး မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

image