10 ပတ် - ဘာသာပြန်ပါ။

အမေရိကန်မှာ Starlink ဂြိုလ်တု အင်တာနက်ကို ဖုန်းတွေမှာ တိုက်ရိုက် သုံးနိုင်ပြီ
==============================================
အရင်ကတော့ Starlink ဂြိုလ်တု အင်တာနက်ကို Starlink Dish နဲ့ ဖမ်းယူ အသုံးပြုရတာ ဖြစ်ပါတယ်။ အခုတော့ အမေရိကန်မှာ Starlink ဂြိုလ်တု အင်တာနက်ကို ဖုန်းတွေမှာ တိုက်ရိုက် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
T-Mobile ရဲ့ Customer တွေဟာ Starlink ဂြိုလ်တု အင်တာနက်ကို Sign up ပြုလုပ်ပြီး အသုံးပြုနိုင်ပါပြီ။ လက်ရှိမှာ စာပို့ စာလက်ခံနိုင်ပြီး နောက်ပိုင်းမှာ ဖုန်းပြောနိုင်၊ ဒေတာ သုံးနိုင်မှာ ဖြစ်ပါတယ်။ Starlink ဂြိုလ်တု ကို အသုံးပြုဖို့ သင့်ဖုန်းမှာ ဘာ Settings မှ ချိန်စရာ မလိုပါဘူး။ တစ်ခါထဲ တန်းချိတ်ပြီး သုံးနိုင်ပါတယ်။ T-Mobile Starlink ကို Sign Up လုပ်ပြီးတာနဲ့ ဇူလိုင်လအထိ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဇူလိုင်လ နောက်ပိုင်းမှာ T-Mobile Go5G Subscriber တွေဟာ အခမဲ့ ဆက်လက် အသုံးပြုနိုင်ပါတယ်။ တခြား T-Mobile Customer တွေဟာ တစ်လကို ၁၅ ဒေါ်လာနဲ့ ဝယ်ယူ အသုံးပြုရမှာ ဖြစ်ပါတယ်။
T-Mobile Customer တွေတင်သာမကဘဲ AT&T နဲ့ Verizon Customer တွေဟာလည်း Beta အစီအစဉ်မှာ ပါဝင်နိုင်ပြီး ဇူလိုင်လအထိ အခမဲ့ အသုံးပြုနိုင်ပါတယ်။

image