10 w - Translate

#နည်းပညာသတင်း
သက်တမ်း နှစ် ၁ ဒသမ ၄ သန်း ရှိ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုး ရှေးလူမျိုးစိတ်သစ် မေးရိုး ဖြစ်နိုင်
တောင်အာဖရိနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့တဲ့ရှေးဦးလူကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးတစ်ခုဟာ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးလူမျိုးစိတ်သစ်တစ်မျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
အဲဒီ ရှေးလူမျိုးစိတ်သစ်ကို Paranthropus capensis ရယ်လို့ ပြင်သစ်နိုင်ငံ ဘော်ဒိုးတက္ကသိုလ်ကသိပ္ပံပညာရှင်တွေက နာမည်ပေးထားပါတယ်။
Paranthropus capensis ရှေးလူတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း တစ်သန်းကျော်လောက်က ဒီနေ့ခေတ် တောင်အာဖရိကနိုင်ငံမှာ ရှင်သန်နေထိုင်ခဲ့တဲ့ရှေးလူတွေပဲဖြစ်ပါတယ်။
P. Capensis ရှေးလူတွေဟာ ခေတ်သစ်လူတွေနဲ့နီးစပ်တဲ့ Paranthropus လို့ခေါ်တဲ့ ရှေးလူမျိုးစိတ်ဝင်တွေထက် ကိုယ်ခန္ဓာအရွယ်အစား ပိုပြီးသေးငယ်ပါတယ်လို့ ပြင်သစ်သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
P. Capensis ရှေးဦးလူရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးကို ၁၉၄၉ ခုနှစ် ဧပြီလမှာ တောင်အာဖရိကနိုင်ငံ ဆွာ့ကရန်လိုဏ်ဂူထဲက တူးဖော်တွေ့ရှိခဲ့တာပါ။
P. Capensis ရှေးလူမေးရိုး ကျောက်ဖြစ်ရုပ်ကြွင်းဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ ဒသမ ၄ သန်းအထိရှိပါတယ်။

imageimage