လူတစ်ယောက်ကို အပူအပင်ကင်းကင်းနဲ့
ချစ်ချင်တယ်
သဝန်တိုတာရော မယုံကြည်တာတွေရော
ဘာမှ ဖြစ်မနေချင်ဘူး
အေးအေးချမ်းချမ်း စိတ်အေးအေးနဲ့ပဲ
ချစ်နေချင်တယ်
ယုံကြည်မှုအပြန်အလှန်ရှိနေပြီးတော့
စိတ်ချစွာနဲ့ ချစ်နေချင်တယ်
အနီးလို့ မဟုတ်ခဲ့ရင်တောင်မှ
အနေဝေးလို့ ဖြစ်နေရင်လဲ
ဖုန်းလေးခေါ်လိုက် စာလေးပို့လိုက်နဲ့
အရမ်းလွမ်းလာတဲ့အခါ
Video call လေးနဲ့ တစ်ယောက်မျက်နှာ
တစ်ယောက်ကကြည့်ပြီး ချစ်ချင်တယ်
ဝမ်းသာစရာဆိုရင် အတူတူရယ်မောပြီး
ဝမ်းနည်းစရာဆို နှစ်သိမ့်ပေးချင်တယ်
တနေ့ နီးရမယ်ဆိုတဲ့ အသိလေးနဲ့ပဲ
ကြိုးစားရုန်းကန်ရင်း
ဘဝတစ်ခုကို စိတ်အေးချမ်းချမ်းနဲ့
နှစ်ယောက်အတူ ဖြတ်သန်းချင်မိတယ်,,
နေခ/စာတိုက်ပုံး

image