10 w - Translate

“စကားပြောဖော်”
ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ
ပျော်စရာလေးတွေ ကြုံတဲ့အခါကျတော့လည်း
အဖြစ်အပျက်လေးတွေကို ပြန်ပြီးဝေမျှဖို့၊
စိတ်ညစ်စရာအကြောင်းတွေဖြစ်လာပြန်တော့လည်း
ကိုယ်ရဲ့ အခက်အခဲလေးတွေကို အနည်းအကျဉ်း
ရင်ဖွင့်ဖို့ စကားပြောဖော်တစ်ယောက်တော့
လိုအပ်ပါတယ်။
စကားပြောဖော်ဆိုတဲ့နေရာမှာ
ငါနေ့တိုင်းစကားပြောဖို့ဆိုပြီး သီးသန့်ကြီး
လူတစ်ယောက်ကို လိုက်ရှာနေစရာမလိုဘူး
ငါနဲ့နေ့တိုင်းစကားပြောပေးမလားဆိုပြီး
Requestလုပ်စရာမလိုဘူး
ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ယောက်၊
ညီအစ်ကိုမောင်နှမတွေထဲက တစ်ယောက်ယောက်၊
အိမ်နီးချင်းတွေထဲကတစ်ယောက်ယောက်၊
ဘယ်သူ့မှ မရှိတဲ့အဆုံး ကိုယ့်ရဲ့မိဘ (သို့မဟုတ်)
ကိုယ့်ရဲ့ ချစ်သူရည်းစားပေါ့ - It can be anyone.
ကျွန်တော်ဖတ်ဖူးတဲ့ Quoteလေးတစ်ခုရှိတယ်
“လူတွေက ဘာလို့ စကားပြောရတာကြိုက်လဲဆို
သူတို့ကို စိတ်သက်သာရာ ရစေလို့”တဲ့ - That’s true.
တစ်ခါတစ်လေ အသည်းကွဲနေတဲ့အခါမျိုးမှာ
ဘယ်လောက်ပဲ ခံစားနေရပါစေဦးတော့
သူငယ်ချင်းတစ်ယောက်နဲ့ အချိန်အတန်ကြာ
စကားတွေပြောလိုက်တဲ့အခါ ကိုယ့်စိတ်ထဲ
အတော်ပေါ့ပါးသွားတယ်လေ။
အကြာကြီး မျိုသိပ်ထားရတဲ့ခံစားချက်တွေကို
တစ်ဦးတစ်ယောက်ဆီမှာ ရင်ဖွင့်လိုက်တဲ့အခါ
နေရတာ သက်တောင့်သက်သာရှိသွားတတ်တယ်
မဟုတ်လား။
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်း
ကျွန်တော်တို့အတွက် လူတစ်ယောက်တော့လိုပါတယ်
အချိန်ပြည့်မဟုတ်ရင်တောင်
ရင်ဖွင့်ချင်တဲ့အချိန်လေးခဏ အားနာစရာမလိုဘဲ
အားရပါးရစကားတွေပြောနိုင်မယ့်
‘စကားပြောဖော်’လေး တစ်ယောက်လောက်ဖြစ်ဖြစ်ပေါ့။
Oᴀᴋ
💭

image