10 ပတ် - ဘာသာပြန်ပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စမဲရိုးကို ဒီရာသီကုန်အထိဖလာမင်ဂိုအသင်းဆီအငှားချထားဖို့အဆင်သင့်ဖြစ်နေတယ်လို့ Daily Express သတင်းကဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကစားသမားအပြောင်းအရွှေ့စျေးကွက်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ ၃ ရက်နေ့တုန်းကပိတ်သိမ်းခဲ့ပြီးဖြစ်ပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကစားသမားကက်စမဲရိုးအနေနဲ့ ဘရာဇီးလ်အပြောင်းအရွှေ့စျေးကွက်ဟာ ဒီဖေဖော်ဝါရီ ၂၈ ရက်နေ့အထိဖွင့်နေသေးတာကြောင့် ဒီလမှာပဲ့ အိုးထရက်ဖို့ဒ်ကွင်းနေပြောင်းရွှေ့ထွက်ခွာဖွယ်ရှိနေပါတယ်။

ကက်စမဲရိုးအနေနဲ့ နည်းပြရူဗင်အာမိုရင်လက်အောက်သရဲနီအသင်းမှာ ပွဲထွက်ကစားခွင့်မရခဲ့တာကြောင့် ဘရာဇီးလ်ကိုပြောင်းရွှေ့ကစားဖို့ဆုံးဖြတ်ချက်ချဖွယ်ရှိနေပြီး ဖလာမင်ဂိုအသင်းကလည်း အဆိုပါကစားသမားကိုအသင်းဆီအငှားခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းဖြစ်ပါတယ်။

ကက်စမဲရိုးဟာ ဒီဆောင်းရာသီကာလကစားသမားအပြောင်းအရွှေ့စျေးကွက်ကာလမှာတော့ အယ်လ်နာဆာလ်၊ရိုးမားနဲ့ ဘက်ဆီတပ်စ်တို့လို ကလပ်အသင်းအများအပြားနဲ့ချိတ်ဆက်နေတဲ့သတင်းထွက်ပေါ်ခဲ့ပေမဲ့ အသင်းအပြောင်းအရွှေ့မဖြစ်ပေါ်လာခဲ့ပါဘူး။

လက်ရှိမှာတော့အသက် ၃၂ နှစ်အရွယ်ကက်စမဲရိုးဟာ တပတ်လုပ်ခလစာအဖြစ် ပေါင် ၃၅၀၀၀၀အထိရရှိနေပြီး ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးတာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image