ဒဂုံမြို့သစ်(တောင်ပိုင်း) (၆၃) ရပ်ကွက်တွင် စက္ကူကြမ်းသိုလှောင်ရုံ မီးလောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ဘုရားလမ်းအနီးတွင် ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၁၀ နာရီခွဲက စက္ကူကုန်ကြမ်းသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမှတ်(၆၃)ရပ်ကွက်၊ ဘုရားလမ်းအနီးရှိ စက္ကူကြမ်းသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားရာ တစ်နာရီခန့်ကြာ မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ကျပ်သိန်း ၁၀၀ ခန့်ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
"မီးငြိမ်းသတ်မှု တစ်နာရီခန့်ကြာခဲ့ပါတယ်။ စက္ကူကြမ်းသိုလှောင်ရုံပါ။ တစ်ဦးတစ်ယောက်က ဆေးလိပ်မီးပစ်ခဲ့လို့ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ယူဆမိပါတယ်။ လတ်တလော မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို စုံ စမ်းစစ်ဆေးနေပါတယ်။" ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါမီးလောင်မှုကို တစ်နာရီခန့်ကြာ ငြိမ်းသတ်ပေးခဲ့ရပြီး အခြားသောနေ အိမ်များသို့ မီးကူးစက်လောင်ကျွမ်း ခြင်းမရှိကြောင်းနှင့် မီးလောင်မှုကြောင့် လူ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
မီးလောင်ဖြစ်ပွားရာသို့ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်များနှင့်အတူ လူမူကူညီရေးအသင်းများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီခွဲတွင် အပြီးသတ်ငြိမ်းသတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်တစ်နှစ်လုံးအတိုင်းအတာအရ မီးပေါ့ဆမှုကြောင့် မီးလောင်မှု ၂၃ မှုထိရှိခဲ့ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး


