ကိုလူချောအဖွဲ့နဲ့ စက်မှုအဖွဲ့သားတွေကို ငွေကျပ် သိန်း ၁၀၀ စီလှူဒါန်းခဲ့တဲ့ နေတိုး
သူကတော့ 2025 ရဲ့အစမှာ လှူဒါန်းခဲ့တာလို့ဆိုပါတယ်။ ကိုလူချောအဖွဲ့နဲ့အတူ စက်မှုအဖွဲ့သားတွေအတွက်ပါ ပေါင်းပြီး စုစုပေါင်း ငွေကျပ် သိန်း ၂၀၀ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအလှူအတန်းတွေကိုတော့ သူနဲ့အတူ အားပေးနေကြတဲ့ ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် မျှဝေပေးလိုက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ နေတိုးဟာ လက်ရှိမှာ အကယ်ဒမီပူပူနွေးနွေးရရှိထားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။
#crd
#celenews
