24 w - Translate

ကစားသမား(၃၅)ဦး အမည်စာရင်းတင်သွင်းခဲ့တဲ့ချယ်လ်ဆီးအသင်းရဲ့အက်ဖ်အေဖလားဆီမီးဖိုင်နယ်လူစာရင်း

ချယ်လ်ဆီးအသင်းသည် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ် မန်စီးတီး-ချယ်လ်ဆီးပွဲအတွက် ကစားသမားစာရင်း(Starting List - ပွဲထွက်ကစားသမားစာရင်း မဟုတ်)ကို ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများထံ တင်သွင်းခဲ့ရာတွင် ယင်းစာရင်း၌ ကစားသမား(၃၅)အထိပါဝင်နေကြောင်း သိရသည်။ပြိုင်ဘက်မန်စီးတီးအသင်းမှာ ကစားသမား(၂၂)ဦးသာ စာရင်းတင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ဒဏ်ရာရနေသူများဖြစ်သည့် ဖိုဖာနာ၊ဂျိမ်းစ်၊အန်ကွန်ကူ၊လတ်ဗီးယား အစရှိသည့်ကစားသမားများကိုပါထည့်သွင်းကာ (၃၅)ဦးအထိ စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။တကယ့်လက်တွေ့ပွဲကစားချိန်၌ Starting List တွင် ပွဲထွက်ကစားသမား(၁၁)ဦးနှင့် အရန်ကစားသမား(၉)ဦး စုစုပေါင်း(၂၀)ဦးသာ ကစားခွင့်ရှိကြောင်း သိရသည်။ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများအတွင်း အသင်းသို့ ကစားသမားသစ်များစွာခေါ်ယူခဲ့ပြီး အသင်းလူစာရင်းမှာ ရှိသင့်သည်ထက် များစွာဖောင်းပွနေကြောင်း ဘောလုံးဝေဖန်သုံးသပ်သူများက မှတ်ချက်ပြုထားကြသည်။အဆိုပါပွဲစဉ်တွင် နည်းပြ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်မန်စီးတီးအသင်းကို ဆေးလ်ဗားရဲ့ နောက်ကျဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

image