ချစ်သောရေ.......
"မင်း"ကသာ "နေကြာပန်း"တွေထဲ ပွင့်လက်စ
"နေကြာ"တစ်ပွင့် ဖြစ်ခဲ့မယ်ဆိုရင် ၊
ကိုယ်ဟာ "နေကြာပန်း"လေးရဲ့ မရှိမဖြစ်
နေရောင်ခြည်လေးလို တစ်ထောင့်တစ်နေရာမှာဖြစ်ဖြစ်
ရှိနေခွင့်‌လေးတော့ ရချင်မိတယ် ။
"နေကြာပန်း"လေးရဲ့အနားမှာ ရှိနေပေးနိုင်တဲ့
"ဥယျာဉ်မှူး"ကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့ရင်တောင်
ခပ်လှမ်းလှမ်းက "နေရောင်ခြည်"လေးတော့
ဖြစ်ချင်ပါသေးတယ် ။
နောက်ဆုံး.....
"ကိုယ့်အတွက် ဘာဆိုဘာမှ မရှိခဲ့ရင်တောင်
ချစ်ခဲ့တယ်ဆိုတာလေးကိုတော့ ယုံကြည်စေချင်တယ်" ။

image