11 w - Translate

ဂျပန်နိုင်ငံ၊ Nagasaki_နာဂါစကီမြို့မှာ နေထိုင်တဲ့ Naoko Nishimoto_နာအိုကို နီရှီမိုတို ဆိုသူ အဖွားတစ်ယောက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ သူ့အသက် (၈၀) ပြည့်တဲ့နေ့မှာပဲ နှစ်ပေါင်း (၂၅) နှစ်တိုင်တိုင် ကိုယ်တိုင်မောင်းနှင်လာခဲ့တဲ့ FD RX-7 လေးကို Mazda Japan ထံသို့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
အဲ့ဒီတုန်းက (၁၉၉၉) ခုနှစ်၊ Naoko_နာအိုကို ရဲ့ အသက်ကတော့ (၅၅) နှစ်ပေါ့၊ Daily drive အတွက် ဟောင်းနေပြီဖြစ်တဲ့ Toyota Corona Coupe အစုတ်လေးမောင်းရင်း တစ်ရက်မှာ သူ့သားနဲ့အတူ "Initial D" ကြည့်မိရာကနေ ဇာတ်လမ်းက စပါတယ်။ RX-7 ရဲ့ တောက်ပတဲ့ vibrant yellow ကာလာနဲ့အတူ သိပ်ကိုမှ sleek ဖြစ်တဲ့ ဘော်ဒီကောက်ကြောင်းတွေနဲ့ mountain passes တွေမှာ သာသာယာယာလျှောဆင်းပြသွားတဲ့ low-slung body တို့အောက် ကျရှုံးသွားခဲ့ရတဲ့ Naoko_နာအိုကို ဆိုတဲ့ အဖွားကတော့ ချက်ချင်းဆိုသလိုပဲ အနီးနားက local Mazda dealership ဆီ ပြေးပြီး brand-new RX-7 အသစ်ကို ဝယ်ယူခဲ့တယ်ဗျ။
စတင်ဝယ်ယူခဲ့တဲ့ အချိန်တုန်းကတော့ ဂျပန်ယန်း (၃.၂) သန်း ကျသင့်ခဲ့တယ်လို့ သိရပြီး ကနေ့ခေတ် ဒေါ်လာနဲ့ ပြန်တွက်ကြည့်ရင်တော့ $20,000 လောက် ရှိတယ်ဗျ။ Naoko_နာအိုကို ဒီကားကို ဝယ်ယူခဲ့တဲ့ (၁၉၉၉) ခုနှစ်ကနေ ကနေ့ချိန်အထိ (၂၅) နှစ်တိုင်တိုင် RX-7 လေးကိုသာ Daily Drive အနေနဲ့ သုံးခဲ့တယ်လို့သိရပြီး ကီလိုမီတာအားဖြင့် (၇၇,၅၉၂) တိတိ မောင်းနှင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ အသက် (၈၀) ပြည့်တဲ့နေ့မှာ ယာဥ်မောင်းလိုင်စင် ပြန်အပ်ပြီး ကားဆက်မမောင်းတော့ဖို့ ဆုံးဖြတ်ထားပုံရတဲ့ Naoko_နာအိုကို ဆိုတဲ့အဖွားကတော့ သူသိပ်ချစ်ရတဲ့ RX-7 လေးကို ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကားလေးကို ပြန်လည်ဝယ်ယူချင်တဲ့သူတွေဆီကနေ emails ပေါင်း (၄၀၀) ကျော်အထိ ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ RX-7 အတွက် အနွေးထွေးဆုံးဖြစ်မယ့် အမိအိမ် Mazda ဆီကိုသာ ပြန်ပို့ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာလ (၁၈) ရက်နေ့ Naoko_နာအိုကိုရဲ့ မွေးနေ့အပြီး နောက်ရက် ဒီဇင်ဘာလ (၁၉) မှာတော့ local Mazda dealership မှာပဲ Handover Ceremony လုပ်ခဲ့တယ်လို့သိရပြီး Mazda ကတော့ ဒီကားလေးကို သူတို့ရဲ့ Collection ထဲထည့်ပြီး နောင်လာမည့် events တွေမှာ showcase မလုပ်ခင် Yokohama_ယိုကိုဟားမား မှာရှိတဲ့ R&D center သို့ ပို့လိုက်ပြီလို့ သိရပါတယ်။ အသက် (၈၀) အရွယ် Naoko_နာအိုကို တစ်ယောက်ကတော့ သူနဲ့အတူ (၂၅) တိုင်တိုင် ဖြတ်သန်းလာခဲ့တဲ့ FD RX-7 လေးရဲ့ ဘော်နပ်အပေါ် လက်ကလေးတင်ရင်း နှုတ်ဆက်ခဲ့ပါသတဲ့ . . . ။

image