11 ပတ် - ဘာသာပြန်ပါ။

Donald Trump ကြောင့် Google Calendar မှာ Pride Month ကို ဖယ်လိုက်ရပြီ..
Google ကနေ Google Calendar မှာ Pride Month ကို ဖယ်ရှားလိုက်ပါတယ်။ ဒီလိုဖယ်ရှားလိုက်ရတာဟာ အသစ်တက်လာတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ ပြောင်းလဲလိုက်တဲ့ မူဝါဒအသစ်တွေနဲ့ သက်ဆိုင်နေမယ်လို့ မှတ်ချက်ပေးနေကြပါတယ်။
ဇွန်လဟာ လိင်တူချစ်သူများနှင့် လိင်ပြောင်းအသိုက်အဝန်းကို ဂုဏ်ပြုသော Pride Month ဖြစ်ပါတယ်။ နောက်မကြာခင်မှာလည်း LGBTQ+ အခွင့်အရေးများနှင့်ပတ်သက်ပြီး ချိုးနှိမ်မှုတွေရှိလာနိုင်မယ့်အပြင် အထူးသဖြင့် လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုခဲ့တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကိုလည်း ဖယ်ရှားသွားနိုင်မလားဆိုပြီး အတော်လေး စိုးရိမ်နေကြပါတယ်။
Pride Month တင် ဖယ်ရှားခံရတာမဟုတ်ပါဘူး။ Black History Month, Indigenous Peoples’ Month, Holocaust Remembrance Day, Jewish Heritage Month, Hispanic Heritage Month တို့လည်း အပါအဝင်ဖြစ်ပါတယ်။

image