2025 မှာ ဘန်ကောက်ဟာ ကမ္ဘာ့အကောင်းဆုံး ဒုတိယမြို့အဖြစ်သတ်မှတ်ခံရ
ဘန်ကောက်မြို့ဟာ ကမ္ဘာရဲ့ ဒုတိယအကောင်းဆုံးမြ်ို့ဖြစ်တယ်လို့ Time Out မဂ္ဂဇင်းမှာဖော်ပြလာပါတယ်။
ဒီ Ranking ဟာ ကမ္ဘာတစ်ဝှမ်းက ခရီးသွား ၁၈၅၀၀ရဲ့ မြို့တွေရဲ့အပေါ် အမြင်ကို စစ်တမ်းကောက်ယူပြီးရလာတာပါတဲ့။ မြို့တစ်ခုချင်းစီရဲ့ ယဉ်ကျေးမှု၊ အစားအသောက်၊ nightlife စတဲ့ ရှုထောင့်အမျိုးမျိုးအပေါ်မူတည်ပြီး စစ်တမ်းကောက်ထားတာပါ။
ထိုင်းနိုင်ငံက လှပတဲ့ ပန်းခြံတွေ၊ ဘုရားတွေနဲ့ မဟာနန်းတော်တွေလို ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အထင်ကရနေရာတွေကြောင့်လဲဖြစ်တယ်လိုြဆိုပါတယ်။
အဲ့ဒီအပြင် BTS နဲ့ MRT တွေလို ဒေသခံတွေရော ခရီးသွားတွေအတွက်ပါ ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကလဲ ချီးကျူးခံနေရပါတယ်။
ဘန်ကောက်ဟာ အရင်က Ranking ၂၄ ကနေ အခု နံပါတ် ၂ နေရာအထိခုန်တက်လာခဲ့တာဘဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံရဲ့တိုးတက်မှုကတော့ အံ့မခန်းဘဲလို့ပြောရပါမယ်။
