11 ပတ် - ဘာသာပြန်ပါ။

Iphone SE4
Phone SE 4 နဲ့ပတ်သက်ပြီး ပြောကြရအောင်။ အခုချိန်ထိ Apple က ဒီဖုန်းကို တရားဝင်ကြေညာထားတာမျိုး မရှိသေးဘူး။ ဒါပေမယ့် နည်းပညာနယ်ပယ်မှာ ပြောနေကြတဲ့ ကောလဟလတွေ၊ ခန့်မှန်းချက်တွေအရတော့ iPhone SE 4 က ဒီလထဲ မှာ ထွက်လာနိုင်တယ်လို့ သိရတယ်။

စလိုက်ကြရအောင်
ပထမဆုံး iPhone SE ကို ၂၀၁၆ မှာ စထွက်ခဲ့တာ၊ ပြီးတော့ ၂၀၂၀ မှာ ဒုတိယမျိုးဆက်၊ ၂၀၂၂ မှာ တတိယမျိုးဆက် 5G ပါတဲ့ iPhone SE 3 ထွက်လာခဲ့တယ်။ အခု iPhone SE 4 ကတော့ အရင်ကမျိုးဆက်တွေထက် ပိုပြီးခေတ်မီတဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်တွေ ပါလာမယ်လို့ ပြောကြတယ်။

ပုံစံအနေနဲ့ကတော့ iPhone SE 4 က iPhone 14 လို ဒါမှမဟုတ် iPhone XR လို ဖန်သားပြင်အပြည့်ပုံစံ (Full-Screen Design) ပြီးတော့ Home Button မပါတော့ဘဲ Notch ပါတဲ့ ဒီဇိုင်း။ ဖန်သားပြင်ကတော့ 6.1 လက်မ Super Retina XDR OLED ဖန်သားပြင်ဖြစ်ပြီးတော့၊ 60Hz Refresh Rate ပါလာမယ်လို့ ခန့်မှန်းရတယ်။ Face ID ပါလာနိုင်တယ်၊ Touch ID ကတော့ ဖယ်ရှားသွားနိုင်တယ်။

စွမ်းဆောင်ရည်အနေနဲ့ကတော့ iPhone SE 4 မှာ Apple ရဲ့ A18 Bionic Chipset သုံးထားတယ်။ ဒါဆို စွမ်းဆောင်ရည်က တော်တော်မြင့်လာမှာပေါ့။Ram အနေနဲ့ကတော့ 6GB ram ပဲ။ ကင်မရာကတော့ Single Camera System ပါလာနိုင်ပြီး၊ Smart HDR နဲ့ Night Mode တွေ ပါလာနိုင်တယ်။Front Camera 48MP နဲ့ Back camera ကတော့ 12MP ပါ။Video ကိုလည်း 4K ထိရိုက်ကူးနိုင်ပါမယ်။ 5G ကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့ ပြောကြတယ်။

စျေးနှုန်းအနေနဲ့ကတော့ iPhone SE 4 က 400 ကနေ 500 ဒေါ်လာအကြားမှာ ရှိနိုင်တယ်။ ဒါဆို စျေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာနိုင်တယ်။ ဖုန်းအရွယ်အစားသေးငယ်ပြီး လက်ကိုင်လွယ်ကူသူတွေ၊ ဒါမှမဟုတ် စမတ်ဖုန်းကို ပထမဆုံးအကြိမ် ဝယ်ယူမယ့်သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်လာနိုင်တယ်။

ဒါပေမယ့် အတိအကျအချက်အလက်တွေကို Apple က တရားဝင်ကြေညာတဲ့အထိ စောင့်ကြည့်ရမှာပေါ့။ ဒါကြောင့် iPhone SE 4 ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ Apple ရဲ့ တရားဝင်ကြေညာချက်တွေကို စောင့်မျှော်ကြည့်ရှုသင့်တယ်။ ဒါဆို ပိုပြီးသေချာတဲ့အချက်အလက်တွေကို ရရှိမှာပေါ့။