ရွှေတိဂုံစေတီတော် (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဩဝါဒပါတိမောက် ပူဇော်ပွဲ ကျင်းပ

ဖေဖော်ဝါရီ ၁၂

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားနှင့် ဩဝါဒပါတိမောက် ပူဇော်ပွဲတို့ကို ဖေဖော်ဝါရီ ၁၁ ရက်နှင့် ယနေ့ ၁၂ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။

ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့၀င်များ၊ ပညာရှင်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဂေါပကရုံး၀န်ထမ်းများ၊ ပြိုင်ပွဲ၀င်အသင်းနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ရွှေတိဂုံစေတီတော်ဗုဒ္ဓ‌ ဝေယျာ၀စ္စအသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများအပါအ၀င် ပြိုင်ပွဲ၀င်အသင်းပေါင်း ၃၂ သင်းပါ၀င်ယှဥ်ပြိုင်ကြပြီး ပထမဆုရရှိသည့် လုပ်ငန်းမြို့ပြဌာနကို ကျပ်(၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ဓာတ်ပုံကန်ထရိုက်လုပ်ငန်းအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၆) သိန်း၊ စတုတ္တဆုရရှိသည့် မေတ္တာပါရမီအသင်းကို ကျပ်(၅)သိန်း၊ ပဥ္စမဆုရရှိသည့် အထက်ပစ္စယံအသင်းကို ကျပ်(၄)သိန်း၊ နှစ်သိမ့်ဆုရရှိကြသည့် ပေါင်းမြက်သန့်ရှင်းရေးအသင်း၊ ပြတိုက်ပြခန်းဌာန၊ ဥပဒေရုံးများဆိုင်ရာဝတ်အသင်းနှင့် စီမံအုပ်ချုပ်ရေးဌာနတို့ကို ကျပ်(၃)သိန်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ချီးမြှင့်ပေးအပ်သောဂုဏ်ပြုဆုငွေ တစ်သင်းလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ပြိုင်ပွဲအသင်း ၃၂သင်းတို့ကို ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင်အလှည့်ကျသဘာပတိ ဦးလှမြင့်က ဝန်ကြီးချုပ်ကိုယ်စား ပြိုင်ပွဲဝင်အသင်းများအသီးသီးကို ပေးအပ်ချီးမြှင့်ခဲ့သည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+7