ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းတိုက်စစ်မှူး အွန်တီယွန်ဆီမန်ယိုကို ဒီနွေရာသီကစားသမားအပြောင်းအရွှေ့ကာလမှာ အသင်းဆီခေါ်ယူဖို့အတွက်ပြောင်းရွှေ့ကြေးပေါင် ၄၂ သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ဖို့စီစဉ်နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူး အွန်တီယွန်ဆီမန်ယိုဟာ ၂၀၂၄/၂၅ ရာသီကာလမှာဘုန်းမောက်အသင်းနဲ့အကောင်းမွန်ဆုံးခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၂၆ ပွဲပါဝင်ကစားထားရာမှာ ၉ ဂိုးသွင်းယူထားပြီး ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
အွန်တီယွန်ဆီမန်ယိုရဲ့ကစားပုံကြောင့် လီဗာပူးလ်အသင်းအပါအဝင် ကလပ်အသင်းကြီးအတော်များများဆီကစိတ်ဝင်စားမှုရရှိခဲ့ပါတယ်။ဘုန်းမောက်အသင်းကလည်း အဆိုပါတိုက်စစ်မှူးကိုဆက်ထိန်းထားဖို့ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
ချဲလ်ဆီးအသင်းဟာ အွန်တီယွန်ဆီမန်ယိုကိုအသင်းဆီခေါ်ယူဖို့စိတ်ဝင်စားနေတဲ့နောက်ထပ်တသင်းဖြစ်လာခဲ့ပြီး ခြင်္သေ့ပြာအသင်းအနေနဲ့အဆိုပါကစားသမားကိုခေါ်ယူဖို့အတွက်ဒီနွေရာသီကစားသမားစျေးကွက်မှာ ပြောင်းရွှေ့ကြေး ၄၂ သန်းနဲ့ခေါ်ယူဖို့စီစဉ်နေတယ်လို့ Fichajes သတင်းကဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်းလက်ရှိမှာတော့ ဘုန်းမောက်အသင်းအနေနဲ့ အွန်တီယွန်ဆီမန်ယိုကိုအသင်းမှာဆက်ထိန်းထားဖို့ကောင်းမွန်တဲ့အဆင့်မှာရပ်တည်နေပြီး အသင်းအနေနဲ့အဆင့် ၇ နေရာမှာရပ်တည်နေတာကြောင့်လာမဲ့ရာသီကာလမှာဥရောပပြိုင်ပွဲသွားရောက်ကစားခွင့်ရှိနေတာကြောင့်ဖြစ်ပါတယ်။ဒါ့အပြင်အဆိုပါကစားသမားအနေနဲ့လည်းအသင်းမှာစာချုပ်သက်တမ်းအရ ၂၀၂၉ ဇွန်လအထိကျန်ရှိနေသေးတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
