လီဗာပူးလ်အသင်းတိုက်စစ်မှူးဒီယေဂိုဂျိုတာရဲ့ဒဏ်ရာပြသနာတွေကြောင့်အန်ဖီးလ်ကွင်းမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိလာစေခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဟာ ၂၀၂၀ ခုနှစ်မှာပြောင်းရွှေ့ကြေးပေါင် ၄၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့သူ့အနေနဲ့ ကြိုးကြာနီအသင်းအတွက် ဒဏ်ရာပြသနာကြောင့် ၉၅ ပွဲအထိလွဲချော်ထားခဲ့တာအပါအဝင်ဒီရာသီကာလမှာလည်း ၁၆ ပွဲအထိလွဲချော်ထားခဲ့ပါတယ်။

ဒီယေဂိုဂျိုတာအနေနဲ့ ပြီးပြည့်စုံတဲ့ကြံ့ခိုင်မှုရှိနေတဲ့အချိန်မှာခြေစွမ်းပြကစားနိုင်ပေမဲ့သူ့အနေနဲ့ အသင်းရဲ့ပွဲထွက်ကစားသမားနေရာဆက်ထိန်းထားနိုင်ရေးအတွက်ရုန်းကန်နေရပါတယ်။သူ့အနေနဲ့ ဒီရာသီပြိုင်ပွဲစုံမှာ ပွဲထွက်ကစားသမားအဖြစ် ၁၁ ပွဲသာပါဝင်ကစားထားခဲ့ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီကာလတုန်းကပေါ်တူဂီတိုက်စစ်ကစားသမားကိုချိတ်ဆက်နေတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီး လက်ရှိမှာလည်းသူ့တို့အနေနဲ့အသင်းဆီခေါ်ယူအားဖြည့်မှုပြုလုပ်ချင်နေသေးတာဖြစ်ပါတယ်။

ဒီယေဂိုဂျိုတာဟာ ဂန်းနားအသင်းဆီပြောင်းရွှေ့ကစားဖို့အခွင့်အရေးရှိနေပြီး လီဗာပူးလ်အသင်းကလည်း သူ့ကိုသင့်တော်တဲ့ပြောင်းရွှေ့ကြေးရမယ်ဆိုရင်တော့ အသင်းကနေလက်လွှတ်ဖို့အဆင်သင့်ဖြစ်ဖွယ်ရှိနေပါတယ်။

ဒီယေဂိုဂျိုတာဟာ ဒီရာသီကာလမှာ ၂၁ ပွဲပါဝင်ကစားထားခဲ့ပြီး ၈ ဂိုးသွင်း ၂ ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image