ဘားအံကို Buget Trip ဘယ်လို သွားရမလဲ ??? ဆိုသူများ အတွက် 🤗
တောတောင် သဘာဝ အလှတွေနဲ့ သာယာလွန်းတဲ့ ဘားအံ မြို့လေးဆီသို့ .....
ကျွန်မအနေနဲ့ ပထမဆုံးအကြိမ်သွားတာဆိုတော့ ဘယ်နေရာတွေ လည်ပတ်သင့်တယ်က စလို့ စားစရာနဲ့ အိုးဝေငှားဖို့တွေ၊ တည်းစရာတွေအထိ သေသေချာချာ ၂ လလောက် အချိန်ပေးပြီး ရှာဖွေခဲ့ပါတယ်။
လူငယ်တွေချည်း သွားခဲ့တာလည်း ဖြစ်တော့ Budget လည်း ၂ သိန်းဝန်းကျင် လောက်နဲ့ လောက်ငှအောင် စီစဥ်ခဲ့တာမို့လို့ ဒီ budget အတွင်း၊ ၂ ညအိပ် ၃ ရက်နဲ့ ဘားအံကို တော်တော်နှံ့နှံ့စပ်စပ် လည်ခဲ့ချင်သူတွေအတွက် ခုလို sharing လုပ်ပေးတာပါ။
လုံးဝ အသေးစိတ်ကိုတော့ နည်းနည်းကြာတဲ့အခါ နောက်တစ် post ထပ်ရေးပေးပါ့မယ်။
ဒီ post က အကျဥ်းချုပ်ဆိုပေမဲ့ တစ်ပုံချင်းအောက်မှာ အချက်လက်တော်တော် များများကို လိုရင်းတိုရှင်း ထည့်ပေးထားလို့ တစ်ပုံချင်းထောက်ဖတ်ပေးနော်။ ✨️
PS- အစစ်ဆေးကတော့ ကျွန်မတို့သွားခဲ့တုန်းက အခြေနေနဲ့ ကွာခြားနိုင်တာမို့ သွားမယ်ဆိုရင်တော့ လမ်းခရီးအခြေနေကို သေချာလေ့လာပြီး safe ဖြစ်တယ်ဆိုမှ သွားကြဖို့ အကြံပြုပါတယ်ရှင်။
========
ထုံးစံအတိုင်း ရာသီဥတုကနေ စပြောရမယ်ဆိုရင်
ဘားအံက မိုးရာသီမှာအလှဆုံးဆိုတာ အားလုံးသိကြတယ်ဟုတ်? မိုးရာသီက ၅ လတောင်ဆိုတော့ ဘယ်လတွေမှာ အလှဆုံးဖြစ်တာလဲ ဆိုတာကတော့ သေချာမသိကြဘူးရယ်။
တိမ်မျှင်တွေနဲ့ အုံ့မှိုင်းနေတဲ့ ရာသီဥတုလေးမျိုးလိုချင်ရင်တော့ မိုးဦးကာလ ဖြစ်တဲ့ ဇွန်နဲ့ ဇူလိုင်မှာ သွားသင့်တယ်လို့ထင်တယ်။
သြဂုတ်နဲ့ စက်တင်ဘာကြတော့လည်း မိုးအရမ်းများတယ်။ 2024 တုန်းကဆို စက်တင်ဘာမှာ ရေကြီးလို့ လုံးဝ သွားလို့မရတာမျိုးတွေတောင်ရှိတယ်။
ကျွန်မတို့ သွားခဲ့တာက အောက်တိုဘာ ၁၀ လ ပိုင်းဆိုတော့ မိုးက သိပ်မရွာတော့ဘူး၊ မိုးအုံ့လိုက် နေသာလိုက်နဲ့ပေါ့။ မြို့ထဲဝင်ဝင်ချင်း တစ်ချိန်တော့ တောင်တွေမှာ တိမ်မျှင်တွေ တန်းနေတာ အရမ်းလှတာတွေ့ခဲ့ရတယ်။ Hotel Karen Valley မှာတည်းတဲ့နေ့တော့ ဇွဲကပင်တောင်မှာ တိမ်မျှင်တွေတန်းနေတာ မကြုံခဲ့ရဘူး။ အုံ့မှိုင်းမှိုင်း ရာသီဥတုမျိုးလေးမဟုတ်ခဲ့ဘူးပေါ့နော်။
ကံကောင်းချင်တော့ တောင်ဝိုင်း မတက်ခင်ညမှာ မိုးရွာသွားတယ်။ ညဘက်မိုးရွာရင် တိမ်ပင်လယ် ထွက်တယ်လို့ အိုးဝေ service က အစ်ကိုက ပြောပြတယ်။ မနက်ကျတော့လည်း တောင်ဝိုင်းတက်ပြီး မောရတာနဲ့ တကယ်တန်အောင်ကို တိမ်ပင်လယ်ကြီး တွေ့ခဲ့ရတယ်။
ဆောင်းဦးလောက်ဆိုရင်လည်း မနက်နဲ့ ညနေတွေ လည်လို့ကောင်းမယ်။ ဒါပေမဲ့ လွန်းညရေပြာအိုင်တို့၊ နောင်ခရိုင်ရေဂူတို့မှာ ရေမပြာတော့ဘူး။
နွေရာသီဆိုရင်တော့ လုံးဝ လည်လို့မကောင်းဘူးလို့ ဒေသခံတွေက ပြောကြတယ်။
