24 w - Translate

ဥရောပပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်ရောက်တိုင်း(၈)ကြိမ်ဆက်တိုက် ကျော်ဖြတ်နိုင်တဲ့ အူနိုင်းအမ်မရီ

ဗီလာအသင်း၏စပိန်လူမျိုးနည်းပြ အူနိုင်း အမ်မရီသည် ဗလင်စီယာ၊ဆီဗီယာ၊အာဆင်နယ်၊ဗီလာရီးရယ်လ်၊ ဗီလာအစရှိသည့်အသင်းများနှင့်အတူ ဥရောပပြိုင်ပွဲများ၏ ကွာတားဖိုင်နယ်အဆင့်ရောက်တိုင်း ကျော်ဖြတ်နိုင်သည့်မှတ်တမ်းကို (၈)ကြိမ်ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သည်။ (၂၀၁၁-၁၂)ရာသီတွင် ဗလင်စီယာအသင်းကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်၊(၂၀၁၃-၁၄) ရာသီ၊ (၂၀၁၄-၁၅)ရာသီနှင့် (၂၀၁၅-၁၆)ရာသီများတွင် ဆီဗီယာအသင်းကို ယူရိုပါလိဂ်ချန်ပီယံဆု(၃)ကြိမ်ဆက်တိုက်၊(၂၀၁၈-၁၉)ရာသီတွင် အာဆင်နယ်အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲ၊ (၂၀၂၀-၂၁)ရာသီတွင် ဗီလာရီးရယ်လ်အသင်းကို ယူရိုပါလိဂ်ချန်ပီယံ၊(၂၀၂၁-၂၂) ရာသီတွင် ဗီလာရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်၊လက်ရှိ(၂၀၂၃-၂၄)ရာသီတွင် ဗီလာအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်အဆင့်များသို့ အူနိုင်းအမ်မရီက ပို့ဆောင်ပေးနိုင်ခဲ့ပြီး ယင်းရာသီများတွင် ကွာတားဖိုင်နယ်တက်သောအသင်းများကို နောက်ဆုံး(၄)သင်းစာရင်းဝင်စေရုံမက ဆုဖလားအောင်မြင်မှုများလည်း ရယူပေးနိုင်ခဲ့သည်။ဆီဗီယာ၊ ဗီလာရီးရယ်လ်အသင်းတို့ကို ယူရိုပါလိဂ်ချန်ပီယံဆုများ(၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊၊ ၂၀၂၁)ရယူပေးနိုင်ခဲ့သည့် အူနိုင်းအမ်မရီအနေနှင့် ဗီလာအသင်းကို (၁၉၈၂) ခုနှစ်နောက်ပိုင်း နှစ်ပေါင်း(၄၂)နှစ်အတွင်း ပထမဆုံးအနေဖြင့်အဓိကဥရောပဖလားတစ်လုံး ပြန်ပြီးရယူပေးနိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

image