24 w - Translate

Tesla ရဲ့ မောင်းသူမဲ့ Robotaxi ကို ဩဂုတ်လ ၈ ရက်နေ့ ကြေညာမယ်လို့ Elon Musk
================================================

Elon Musk က မောင်းသူမဲ့ နည်းပညာပါတဲ့ Robotaxi ကို ဩဂုတ်လ ၈ ရက်နေ့ ကြေညာမယ်လို့ X မှာ ပို့စ်တင်ထားပါတယ်။ အဲဒီကားမှာ စတီယာရင်နဲ့ ခြေနင်း ပါလာမှာ မဟုတ်ပါဘူး။

Musk ဟာ Walter Isaacson ရေးသားထားတဲ့ သူ့အကြောင်း အထုပ္ပတ္တိမှာ မောင်းသူမဲ့ ကားကို ၂၀၂၄ ခုနှစ်မှာ ကြေညာမယ်လို့ပြောထားပါတယ်။ အဲဒီ စာအုပ်မှာ Robotaxi ရဲ့ ဒီဇိုင်းပုံကြမ်းတွေတောင် ပါလာပြီး Cybertruck နဲ့ ဆင်တူပါတယ်။

လက်ရှိမှာ Robotaxi ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဩဂုတ်လ ၈ ရက်နေ့မှာပဲ ဒေါ်လာ ၂၅,၀၀၀ တန် တန်ဖိုးနည်း လျှပ်စစ်ကား အသစ်ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ဩဂုတ်လ ၈ ရက်နေ့ဟာ Tesla အတွက် ပွဲကြီးပွဲကောင်း ဖြစ်နိုင်ပြီး ကား အသစ် ၂ စီးကို ကြေညာနိုင်ပါတယ်။

Elon Musk ရဲ့ ထုံးစံအတိုင်း ကားအသစ်ကြေညာမယ့်နေ့တွေဟာ နောက်ဆုတ်သွားလေ့ရှိပါတယ်။ အဲဒီအတွက် ဩဂုတ်လ ၈ ရက်နေ့ကို သိပ်ပြီး မျှော်လင့်လို့ မရသေးပါဘူး။

Ref : theverge

#elonmusk

image