24 w - Translate

ရာသီအဆုံးသတ်ပိုင်းရောက်လေရလဒ်တွေ ယိမ်းယိုင်လေဖြစ်လာတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေဖြင့် နည်းပြကလော့ပ် အသင်းမှထွက်တော့မည်ဟု ကြေညာခဲ့စဉ်က ရာသီကုန်တွင် ကလော့ပ်အား ဖလား(၄)လုံးဖြင့် နှုတ်ဆက်မည်ဟုဆိုကာ ဖလား(၄)လုံးအိပ်မက် မက်ခဲ့ကြသည်။သို့သော် ဖလား(၄)လုံးအိပ်မက်မှ အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ်ဖလားအိပ်မက်များမှာ အငွေ့ပြန်သွားခဲ့ပြီဖြစ်ပြီး လက်ရှိရယူထားသော လိဂ်ဖလားနှင့် ခက်ခက်ခဲခဲရယူရမည့် ပရီးမီးယားလိဂ်ဖလားသာကျန်ရှိတော့သည်။(၂၀၂၄)ခုနှစ်အတွင်း လီဗာပူးလ်အသင်းအနေဖြင့် ပြိုင်ပွဲစုံ(၂၄)ပွဲကစားထားပြီး ပထမ(၁၄)ပွဲတွင်အနိုင်ရာခိုင်နှုန်းမှာ (၈၆%)အထိရှိကာ နိုင်ပွဲ(၁၂)ပွဲ ရခဲ့သည်အထိ ရလဒ်များကောင်းခဲ့သော်လည်း နောက်ဆုံးကစားခဲ့သော (၁၀)ပွဲတွင် အနိုင်ရာခိုင်နှုန်းမှာ (၅၀%)သာရှိကာ (၅)ပွဲသာ အနိုင်ရခဲ့သည်။နည်းပြကလော့ပ်က သူ့အနာဂတ်နှင့်ပတ်သက်၍ စတင်ကြေညာခါစက လီဗာပူးလ်အသင်းအနေဖြင့် ရလဒ်များကောင်းခဲ့သော်လည်း တဖြည်းဖြည်းနှင့် ရာသီအဆုံးသတ်ခါနီးလေ၊ ရလဒ်များယိမ်းယိုင်လေ ဖြစ်လာခြင်းလည်းဖြစ်သည်။သို့ဖြစ်ရာ ရာသီကုန်တွင် လီဗာပူးလ်ပရိသတ်များက နည်းပြကလော့ပ်ကို လိဂ်ဖလားအပြင် ပရီးမီးယားလိဂ်ဖလားနှင့်ပါ နှုတ်ဆက်ရရန်အတွက် လီဗာပူးလ်အသင်းအနေဖြင့် ရလဒ်ကောင်းများပြန်ရယူရန် လိုအပ်နေသည့်အပြင် ပြိုင်ဘက် မန်စီးတီး၊ အာဆင်နယ်တို့ပါ ခြေချော်ရန်လိုအပ်နေသည်ဟု ဆိုရမည်ဖြစ်သည်။

image