နောက်ထပ် ခွဲစိတ်မှု ၁ ခုမှာ Apple Vision Pro ကို အသုံးပြုခဲ့
===================================
ဆရာဝန်တွေက Apple Vision Pro ကို ဝတ်ဆင်ကာ ခွဲစိတ်မှုတွေ ပြုလုပ်လာကြပါပြီ။ ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုမှ AdventHealth Surgery Center မှာ Rothman Orthopedic Institute မှ ဒေါက်တာ G. Russell Huffman က Vision Pro ကို ဝတ်ဆင်ကာ ပုခုံးခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတယ်။
Vision Pro က ခွဲစိတ် ကိရိယာတွေကို တိကျစွာ ညွှန်ကြားပေးနိုင်ပါတယ်။ ဆရာဝန်တွေဟာ ခွဲစိတ်ခန်းသုံး ကိရိယာတွေနဲ့ ညွှန်ကြားချက်တွေကို Headset ကနေ တိုက်ရိုက် သိရှိနိုင်ပြီး ခွဲစိတ်ရာမှာ ပိုမို လျှင်မြန်ပါတယ်။
eXeX အမည်ရ Software ကုမ္ပဏီက Vision Pro အတွက် myMako အမည်ရ အထူး Application ၁ ခုကို ဖန်တီးထားပါတယ်။ တင်ပါး၊ ဒူးခေါင်း ခွဲစိတ်ရာမှာ အထောက်အကူ ရအောင် အဲဒီ App ကို ဖန်တီးထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁ လကပဲ လန်ဒန်မှာ Apple Vision Pro ကို ခွဲစိတ်ခန်းမှာ အသုံးပြုခဲ့ပါတယ်။ အနာဂတ်မှာ ခွဲစိတ်ခန်းတွေမှာ Apple Vision Pro ကို ဆရာဝန်တွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတော့မှာပါ။
Ref : digitaltrends
#applevisionpro
