24 w - Translate

ဖလား(၃)လုံးမျှော်လင့်ချက်ပြည့်ဖို့လက်တစ်ကမ်းအလိုကို ရောက်လာတဲ့ လေဗာကူဆင်

အသင်းသက်တမ်းနှစ်(၁၂၀)အကြာတွင် ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရယူဆွတ်ခူးနိုင်ခဲ့သော လေဗာကူဆင်အသင်းအနေဖြင့် တစ်ရာသီအတွင်းဖလား(၃)လုံးမျှော်လင့်ချက်ပြည့်ရန်လည်း တဖြည်းဖြည်းနီးစပ်လာခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။နည်းပြ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင် ဝက်စ်ဟမ်းအသင်းကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာသလို၊ပြည်တွင်းဖလားတစ်လုံးဖြစ်သည့် ဂျာမန်ပိုကယ်လ်ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ တက်ရောက်နေပြီဖြစ်သည်။ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွင် လေဗာကူဆင်အသင်းသည် ရိုးမားအသင်းနှင့် အိမ်ကွင်း/အဝေးကွင်းကစားရမည်ဖြစ်ပြီး ဗိုလ်လုပွဲတက်ရောက်ခွင့်အတွက် ကြိုးစားရမည်ဖြစ်သည်။ဂျာမန်ပိုကယ်လ်ဖလားဗိုလ်လုပွဲတွင်မူ လေဗာကူဆင်အသင်းသည် ဂျာမန်ဒုတိယတန်းကလပ် ကိုင်ဇာစလော့တန်အသင်းနှင့် ကစားရမည်ဖြစ်သည်။ လေဗာကူဆင်အသင်းအနေဖြင့် ဘွန်ဒက်စ်လီဂါတွင် ချန်ပီယံဆုကို စောစောစီးစီးရယူနိုင်ခဲ့ပြီးဖြစ်၍ လာမည့်မေလအတွင်းကစားရမည့် ယူရိုပါလိဂ်(၃)ပွဲနှင့် ဂျာမန်ပိုကယ်လ်ဖလား(၁)ပွဲကိုသာ အပြည့်အဝအာရုံစိုက်ရန်လိုအပ်တော့ပြီး ယင်းပွဲများတွင် ရလဒ်ကောင်းရယူနိုင်ပါက အသင်းသမိုင်းတွင်တစ်ကြိမ်မှမရှိသေးသည့် ဖလား(၃)လုံးအောင်မြင်မှုနှင့်အတူ ထပ်ဆင့်အောင်ပွဲခံနိုင်မည်ဖြစ်သည်။

image