24 w - Translate

"ငွေရေးကြေးရေးအရ လွတ်လပ်မှုရှိဖို့က
အဓိကအချက်ပါ။ အမျိုးသမီးတစ်ယောက်ဟာ ငွေရေးကြေးရေးအရ အမှီအခိုကင်းရင်
သူ့ဘာသာသူ ဘဝကို ဖြတ်သန်းနိုင်စွမ်း
ရှိတယ်လို့ အမေ အမြဲပြောလေ့ရှိပါတယ်။
ဒါကကျွန်မ ရဖူးသမျှထဲမှာ အမှန်ကန်ဆုံး
အကြံဉာဏ်ဖြစ်မယ်လို့ ထင်ပါတယ်။ ဘဝမှာ ဘယ်ကိုသွားနေပါစေ ဘယ်သူနဲ့လက်ထပ်ရပါစေ၊ သုံးသည်ဖြစ်စေ မသုံးစွဲသည်ဖြစ်စေ ငွေရေးကြေးရေးအရ အမှီအခိုကင်းရပါမယ်"

"ပညာရေးက ကျွန်မအတွက် အမြဲတမ်း
အရေးကြီးတယ်။ ဆိုလိုတာက
ပညာတတ်ရင် တခြားသူအပေါ်
မှီခိုနေစရာ မလိုပါဘူး"

"ရှင်က ထက်မြက်ပြီး မာကျောတဲ့
မိန်းမသားတစ်ယောက်ဖြစ်နိုင်တာမလို့
ရှင့်ရဲ့ မိန်းမပီသမှုကို မဆုံးရှုံးပါစေနဲ့"

"ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်
ကျွန်မသင်ပေးခဲ့တယ်။ အခန်းထဲဝင်ပြီး
သေမှာကြောက်တယ်လို့
ခံစားမိရင် 'ငါဘယ်သူ့ကိုမှ မကြောက်ဘူး' လို့
ကိုယ့်ကိုယ်ကို ပြန်ပြောလိုက်တယ်။ ပြီးတော့
လူတွေက ကျွန်မကို ယုံကြည်ကြတယ်။
ကမ္ဘာကြီးကို အုပ်စိုးဖို့ ကိုယ့်ကိုယ်ကို
သင်ပေးရမယ်"

ဒီစကားတွေကတော့ Bollywoodမှာသာမက
Hollywoodမှာပါ နာမည်ကျော်တဲ့
မင်းသမီး ပရီရန်ကားရဲ့
စကားတစ်ချို့ပါ၊
ပရီဟာ တိုးတက်ချင်စိတ်ရှိတဲ့လူငယ်တွေ၊
အထူးသဖြင့် အမျိုးသမီးတွေအတွက်
Motivational wordsတွေကို
ပြောတတ်သူဖြစ်ပြီး
ပရီရဲ့ Interviewတွေဆို
နာမည်ကျော်မင်းသမီးဖြစ်တဲ့
Sita Ramamမင်းသမီး
Mrunalကတောင် အလွတ်မခံပဲ
ကြည့်ဖြစ်ကြောင်းလဲ ပြောဆိုခဲ့ဖူးပါတယ်။

#bollywoodupdatenewsmyanmar

image