24 w - Translate

ကုလားတန်မြစ် (သို့မဟုတ်) ကစ္ဆပနဒီမြစ်

Beino၊ Bawinu နှင့် Kolodyne ဟုလည်းသိကြသော ကုလားတန်မြစ် (သို့) ကစ္ဆပနဒီမြစ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ မြန်မာနိုင်ငံအနောက်ပိုင်းချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းသော မြစ်တစ်စင်းဖြစ်သည်။

ကုလားတန်မြစ်သည် ၄၅၀ ကီလိုမီတာ/ ၂၈၀ မိုင် ရှည်လျှားပြီး ၎င်းသည် မြန်မာနိုင်ငံမှ စတင်မြစ်ဖျားခံကာ မီဇိုရမ်သို့ မဝင်ရောက်မီ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝကို ဖြတ်ကျော် စီးဆင်းပါသည်။ ချင်းလူမျိုးတို့က ဤမြစ်ကို Bawinu ချောင်းလို့ ခေါ်ကြပါသည်။

ထိုမှတဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်၏ အလယ်ကနေဖြတ်စီးဆင်းပါသည်။ ကုလားတန်မြစ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ အဓိကမြစ်ဖြစ်ပြီး Chimtuipui မြစ်ဟုခေါ်ဆိုကြပါသည်။

ကုလားတန်မြစ်မှာ အိန္ဒိယနှင့် မြန်မာကြား နယ်စပ်မျဥ်းအဖြစ် သက်မှတ်ထားသော ၁၅၉ ကီလိုမီတာ/ ၉၉မိုင် ရှည်လျှားသည့် Tiau မြစ် ဆိုသည့်မြစ်လက်တက် တစ်စင်းလည်းရှိပါသည်။

ထိုအပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်တွင်တော့ Tut၊ Teirei နှင့် Ngashih စသည့် မြစ်လက်တက်များရှိပါသည်။

ပြောရမယ်ဆိုရင် ကုလားတန်မြစ်သည် ချင်းပြည်နယ် မြောက်ပိုင်းဖက်ကနေ မြစ်ဖျားခံ စီးဆင်းလာပြီး အိန္ဒိယ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ဘက်ကို စီးဆင်းကာ နောက်ဆုံးတွင် ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိသွားပါသည်။

image
image
image