24 w - Translate

ချစ်ရသူတွေနဲ့ အတူတူနေထိုင်နိုင်ခွင့်ကိုလည်း
လူတိုင်းကို ရရှိစေချင်တယ်

မချစ်တဲ့သူတွေရဲ့ ဒဏ်ခတ်ခြင်းတွေမှလည်း
လူတိုင်းကို ကင်းဝေးစေချင်တယ်

ဒီနှစ်ခုသော လူသားအခွင့်အရေးကလေးကိုသော်မျှ
လူတိုင်းရရှိရန်မလွယ်ကူတဲ့ ကမ္ဘာကြီးရယ် ..

ဒီနှစ်ခုသော မျှော်လင့်ချက်နဲ့သာ
ဘ၀တိုက်ပွဲတွေကြား
ရုန်းကန်နစ်မြုပ်နေရတဲ့ လူတွေရယ် ..

လှပသောကမ္ဘာကြီးထဲ
ချစ်ခြင်းတရားဟာ
အရုပ်ဆိုးစွာ သူစိမ်းဆန်လွန်းနေလိုက်ပုံများ

ပင့်သက်ရှိုက်သံတွေဟာ အထပ်ထပ်
မငြိမ်းသောမီးလျှံတွေဟာ တလှပ်လှပ်

တသက်လုံး ဝေးမနေချင်တဲ့အတွက်ကြောင့်ပဲ
ဝေးသထက်ဝေးရာ ပြေးထွက်နေခဲ့ရတဲ့အဖြစ်တွေ ..

တသက်လုံး ပြေးမနေချင်တဲ့အတွက်ကြောင့်ပဲ
ရောက်တဲ့အရပ်မှာ ပျော်ချင်‌ယောင်ဆောင်လိုက်ရတဲ့အဖြစ်တွေ ..

အမှောင်ညတွေဟာ
ရှည်လျားလွန်းလှပါကလားကွယ် ... ။

image