Vape တွေက လူငယ်တွေ အထာကျဖို့ တစ်ခုတည်းအတွက် လက်တည့်စမ်းသင့်တဲ့အရာလား?
ပုံမှန်ဆေးလိပ်သောက်တာထက် Safeဖြစ်တယ်ဆိုတာရော ဟုတ်လား?
အခုခေတ်မှာဆိုရင် Vape သောက်တာက လူငယ်တွေကြားထဲမှာအများဆုံးတွေ့ရပြီး အထူးအဆန်းမဟုတ်တော့သလို မသောက်သုံးတာကမှ ထူးဆန်းသည်အထိ ရေပန်းစားလာပါတယ်။
အနံ့ မျိုးစုံနဲ့ ဆွဲဆောင်နေတဲ့အတွက် Vape ကိုအသုံးပြုတဲ့သူတွေက 2015 နှစ်နောက်ပိုင်းတွေထဲမှာ ပိုပြီးသိသိသာသာတိုးလာပါတယ်။ လူငယ်တွေကြားမှာ ပုံမှန်ဆေးလိပ်ထက် Vape ကိုသုံးစွဲတဲ့သူပိုများပြီး Vape ကိုသုံးစွဲတဲ့သူတွေကလည်း လူကြီးတွေထက်စာရင် လူငယ်တွေကပိုပြီးများပါတယ်။
လေ့လာမှုတွေအရ Vape တွေက အထူးသဖြင့် လူငယ်များကို ဆွဲဆောင်နိုင်တဲ့ အကြောင်းရင်း ကတော့ Vape ဟာဆေးလိပ်သောက်ခြင်းထက် အန္တရာယ်နည်းပါးသည်ဟု ယုံကြည်နေကြခြင်းပဲဖြစ်ပါတယ်။ ပုံမှန်ဆေးလိပ်အစားထိုးသောက်ကြတဲ့သူတွေရှိသလို၊သောက်ချင်လို့သောက်တဲ့သူ၊အထာကျချင်လို့သောက်တဲ့သူတွေ လည်းရှိပါတယ်။
Vape နှင့် ဆေးလိပ်သောက်ခြင်း နှစ်ခုစလုံးကတော့ အဆုတ်ထဲသို့ နီကိုတင်းနှင့် အခြားအရာများကို ရှူရှိုက်ရတာခြင်းကတော့ အတူတူပါပဲ။
စိုးရိမ်စရာတစ်ခုကတော့ ဆေးလိပ်တောင် မသောက်ဖူးတဲ့လူငယ်လေးတွေတောင် Vape ကိုရွေးချယ်နေကြတာကိုတွေ့ရပါတယ်။
ဒီတော့ လက်တည့်မစမ်းခင်မှာ Vape သောက်ခြင်းရဲ့ နောက်ဆက်တွဲ အရာတွေကို သိထားစေရန်အတွက် ရည်ရွယ်ပြီး ပြောပြပေးချင်ပါတယ်။
(၁) Vape သောက်ခြင်းက ဆေးလိပ်သောက်ခြင်းထက် အန္တရာယ်နည်းသော်လည်း safe မဖြစ်သေးပါ
Vape တွေက နီကိုတင်း (ဆေးရွက်ကြီးမှ ထုတ်ယူထားသော)၊ အနံ့အရသာနှင့် ဓာတုပစ္စည်းများပါဝင်ပါတယ်။
ပုံမှန်စီးကရက်များတွင် ဓာတုပစ္စည်း 7,000 ပါဝင်ပြီး အများစုမှာ အဆိပ်ဖြစ်စေသည်။
2021 ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော The Johns Hopkins University မှ သုတေသနပြုချက်အရ vape ထုတ်ကုန်များတွင် ဓာတုပါဝင်ပစ္စည်းများ ထောင်ပေါင်းများစွာကို တွေ့ရှိခဲ့ပြီး အများစုမှာ နာမည်ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ပစ္စည်းတွေတောင်ပါဝင်ကြောင်းပြောထားပါတယ်။
အဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့သော ကဖိန်းဓာတ် အပါအဝင် အန္တရာယ်ဖြစ်နိုင်ချေရှိသော အရာများ၊ Vape များတွင် ယခင်က မတွေ့ဖူးသော ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများပါဝင်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံမှုတို့နှင့် ဆက်စပ်နေသော အနံ့အရသာနှစ်တွေလည်းပါဝင်ကြောင်းပြောထားပါတယ်။
ဓါတုဗေဒပစ္စည်းတွေပါဝင်နေခြင်းအတူတူ Vape သောက်တာကပိုပြီးSafe ဖြစ်တယ်ဆိုတဲ့စကားကလည်း ယုံတမ်းစကားတစ်ခွန်းသာဖြစ်ပါတယ်။
နောက်ထပ် vaping နှင့်ဆက်စပ်သောအဆုတ်ရောဂါနှင့်သေဆုံးမှုတွေကလည်းရှိနေပါသေးတယ်။
2020 ခုနှစ် ဖေဖော်ဝါရီလတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ Vape အသုံးပြုမှုနှင့်ဆက်စပ်သည့် အဆုတ်ဒဏ်ရာ (EVALI) ဖြစ်ပွားမှု 2,807 မှုရှိပြီး အဆိုပါအခြေအနေကြောင့် သေဆုံးသူ 68 ဦးကိုလည်း အတည်ပြုခဲ့ပါတယ်။
(၂) သုတေသနပြုချက်အရ Vape သောက်ခြင်းကလည်း နှလုံးနှင့် အဆုတ်အတွက် မကောင်းပါ
နီကိုတင်းက ပုံမှန်စီးကရက်နှင့် Vape များတွင် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး လူကိုအလွန်စွဲလမ်းစေပါတယ်။ နီကိုတင်းသည် အဆိပ်အတောက်ဖြစ်စေသော အရာဖြစ်ပြီး
နာတာရှည် အဆုတ်ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ ချိတ်ဆက်မှုတွေအပြင် အီး-စီးကရက် သွေးပေါင်ချိန်ကို မြင့်တက်စော နှလုံးခုန်နှုန်းနှင့် နှလုံးဖောက်ပြန်နိုင်ခြေကို တိုးစေသည့် adrenaline ပမာဏ ကို တိုးစေပါတယ်။
(၃) Vape က ဆေးလိပ်သောက်ခြင်းထက် safe မဖြစ်ပါ
Vaping နှင့် ဆေးလိပ်သောက်ခြင်း နှစ်မျိုးလုံးသည် စွဲလမ်းစေပြီး အန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းများကို သင့်ခန္ဓာကိုယ်ထဲသို့ ယူဆောင်လာပါတယ်။
Vape သောက်လိုက်တဲ့အခါ ဓာတုပစ္စည်းတွေ အများအပြားဟာ ခန္ဓာကိုယ်ထဲကို ရောက်လာပြီးကျန်းမာရေးကို ထိခိုက်စေပါတယ်။
ဒီတော့ ဆေးလိပ်ဖြတ်ဖို့အတွက် Vape အစားထိုးခြင်းက ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုတော့မဟုတ်သလို Vape သောက်ခြင်းဟာလည်း ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။