24 w - Translate

ဘူဖေး ဘယ်ကဆင်းသက်လာသလဲ

ဘူဖေးစားတာက ဆွီဒင်လူမျိုးတွေကနေ ဆင်းသက်လာတာပါ။ အစကတော့ပေါင်မုန့်၊ ချိစ်နဲ့ အသားတွေကို သွားရေစာအနေနဲ့ တည်ခင်းရာကနေ ၁၉၁၂ ခုနစ်မှာတော့ ဒီစနစ်ကို စတော့ဟုမ်း အိုလံပစ်ပွဲတော်ကြီးမှာ စတင် အသုံးချပါတယ်။ အဲဒီမှာတော့ သွားရေစာတင်မကတော့ဘဲ နေ့လယ်စာလို အဓိကအစားအစာကြီးတွေအတွက်ပါ ပြင်ဆင်လာကြတာပါ။

ဘူဖေးအလေ့အထ

အခုနောက်ပိုင်း ဘူဖေးတည်ခင်းရတာက တချို့ဆိုင်တွေအတွက်တော့ အရှုံးပိုများတယ်လို့ဆိုပါတယ်။ အစားအသောက်အများကြီးကို တည်ခင်းရတယ်။ ချက်ပြုတ်ထားတဲ့ အစားအစာတွေက ဆုံးရှူံးမှုပိုများပါတယ်။ အားသာတာကတော့ အစားအသောက်ခင်းကျင်းဖို့ စားပွဲထိုးအများကြီး မလိုတော့ဘူး။ Customer တွေက သူကိုယ်တိုင် အစားအသောက်တွေကို ကြိုက်သလောက် ကြိုက်သလိုယူစားနိုင်ပါတယ်။ တချို့နေရာတွေဆို ကိုယ်တိုင်ချက်ပြုတ်နိုင်ပါသေးတယ်။

လျှို့ဝှက်ချက်များ

-တခါတလေမှာ ဈေးပေါတဲ့ အသီးအရွက် အသားတွေနဲ့ တည်ခင်းထားကြတာမို့ ဘူဖေးဆိုတိုင်းလည်း ကောင်းချင်မှကောင်းနိုင်မယ်။

-တကယ်တော့ ဗိုက်အရမ်းဆာနေချိန်မှာ သူတို့ကျွေးတာတွေက Carbohydrate မြင့်မားပြီး ဈေးသက်သာတဲ့ အစားအသောက်တွေပါ။ ဗိုက်ဆာနေချိန်မှာ မျက်စိရှေ့မှာမြင်ရတဲ့ အစားအသောက်တွေကို အကောင်းအဆိုးမခွဲခြားနိုင်ဘဲ စားမိမှာပါပဲ။ တရုတ်စာကျွေးတဲ့အချိန်ဆို ခေါက်ဆွဲကြော် ထမင်းကြော်လိုမျိုးကို အခြားအရာတွေထက် ပမာဏအများကြီးတည်ခင်းသလို အာလူးကြော် အာလူးထောင်းတွေဆို ဇွန်းအကြီးကြီးတွေတပ်ထားကြတာကိုတွေ့ရမှာပါ။

-ဘူဖေးတည်ခင်းရာမှာ ပန်းကန်ခပ်သေးသေး ဟင်းချိုပန်းကန်လုံးခပ်သေးသေးတွေကိုသာ သုံးပါတယ်။

-ဈေးကြီးတဲ့ အစားအသောက်တွေဘေးမှာဆို ဈေးပေါတဲ့ အစားအစာတွေဝန်းရံထားတာ တွေ့ရမှာပါ။ ဒါက ဈေးကြီးတာတွေကို များများမယူမိစေဖို့ပါ။

-ဇွန်းတွေ ခက်ရင်းတွေရှာရခက်ပြီး တူလေးတွေပဲထားကြတာက အစားအစာကိုဖြည်းဖြည်းစားစေဖို့ ပြုလုပ်ထားတာပါ။

-ဘူဖေးစားမယ်ဆိုရင် All You Can Eat လို့ဆိုရမှာထက် All You Care To Eat လို့ဆိုရမှာပါ။ ဘာလို့လဲဆို ဆိုရင် အများကြီးတွေ့တိုင်း စားခွင့်ရှိတိုင်းစွတ်စားမိတဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တာတွေ အစားများပြီး သင့်ရဲ့ Diet ကို ထိခိုက်စေလို့ပါ။

-ဘူဖေးစားတတ်သူတော်တော်များများကို မေးကြည့်တဲ့အခါ သူတို့ခံစားမှုတွေက ကျေနပ်တယ် အဆင်ပြေတယ်ဆိုတာထက် မအီမသာဖြစ်မှုတွေ အလေးချိန်တိုးလာမှုတွေကိုကြုံရပြီး နောင်တရမိတယ်လို့ ပြောဆိုသူက ပိုများပါတယ်တဲ့။

image