24 w - Translate

ဘောလုံးလောကမှာ ဒူးအရွတ်ဆုတ်ပြဲဒ-ဏ်ရာ (ACL) ကနေ ပြန်လာနိုင်တဲ့ ကစားသမားတွေဟာ အင်မတန်ကို ရှားပါးပါတယ်။ ဒါပေမဲ့ အဲ့ဒီအိမ်မက်ဆိုးကနေ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လည်နိုးထနိုင်ခဲ့တဲ့ လူနည်းစုထဲမှာ "ဖလော်ရီယန် ဝစ်ဇ်" ဆိုတဲ့ ချာတိတ်လေးလည်း တစ်ယောက်အပါအဝင်ပါပဲ။

ဒီရာသီ လေဗာကူဆင်တို့ ရှုံးပွဲမရှိနဲ့ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကထောက်တိုင်အဖြစ် ပါဝင်ခဲ့သလို၊ သူကိုယ်တိုင်အားဖြင့်လည်း 15 ဂိုးသွင်း 15 ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

ဒီလိုမှတ်တမ်းကောင်းတွေကြောင့် ဖလောရီယန် ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ နှစ် 30အတွင်း ဥရောပထိပ်တန်းလိဂ် 5 ခုမှာ တစ်ရာသီအတွင်း အသင်းတစ်သင်းအတွက် ဂိုးပါဝင်ပတ်သတ်မှု (သွင်းဂိုး + ဂိုးဖန်တီးမှု) အကြိမ်အများဆုံးပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးဂျာမနီကစားသမား ဖြစ်လာခဲ့ပါတယ်။ 🔥🇩🇪

ဒါ့အပြင် မနေ့ညက လေဗာကူဆင်တို့ရဲ့ဖလားအဆုံးအဖြတ်ပွဲမှာလည်း သူ့ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်သွင်းဂိုးနဲ့အတူ အသက် 20 အရွယ်ချာတိတ်လေးဟာ ဟီးရိုးဖြစ်လိုက်ပါသေးတယ်။ 👏

သူ စတုတ္ထမြောက်ဂိုးကို သွင်းလိုက်ချိန်မှာဆို လေဗာကူဆင်ပရိသတ်တွေပါ ပွဲမပြီးခင်မှာတင် ကွင်းထဲထိပြေးဝင်လာပြီး အောင်ပွဲခံခဲ့ကြတဲ့အထိပါပဲ။ ကွင်းလုံခြုံရေးဆိုရင် သူ့ရဲ့အလုပ်ကိုပါ မေ့သွားလောက်တဲ့အထိ ဂျာမန်သားလေးရဲ့ဂိုးက အပျော်တွေကူးစက်စေခဲ့တာဖြစ်ပါတယ်။ 🏆❤

#footballcorner

image