24 w - Translate

ဒီ​​နေ့​တော့ taurus ​တွေအ​ကြောင်းပါ။
Cardi B ရဲ့ သူကြုံဖူးတဲ့ zodiac sign​တွေအ​ကြောင်း video ကို နား​ထောင်ဖူးရင် taurus ​တွေ ဘယ်​လောက်​ကောင်းလဲ သ​ဘော​ပေါက်ကြမှာပါ၊
ဒါ​ပေမယ့် lacking on something ကွာ၊ တစ်ခုခုလို​နေတယ်တဲ့၊ ဘာလိုလို့လိုမှန်း​တော့မသိဘူးတဲ့၊ဘာလို​နေတာပါလိမ့်?

Taurus ​တွေက တကယ်လည်း​ကောင်းပါတယ်၊ ​ကောင်းလွန်းလို့ ပျင်းစရာလည်း ​ကောင်းပါတယ်၊ ခန့်မှန်းရအရမ်းလွယ်လွန်းတယ်။

လူ​​တွေဘာလို့ player ​တွေကို စွဲလမ်းကြလဲသိလား၊ ခန့်မှန်းရခက်ပြီး ​ပျော်​အောင်လုပ်လိုက် ငိုရ​အောင်လုပ်လိုက် roller coaster feelings ​တွေ​ပေးနိုင်စွမ်းရှိလို့ပဲ။ player ဆိုတာ ​သူတို့ကိုယ်တိုင်​တောင် ​မျောက်စိတ်နဲ့ဆို​တော့ သူများက ခန့်မှန်းရခက်တာ မဆန်းပါဘူး^^

Taurus ​တွေက​တော့ သူတို့ကိုယ်တိုင် relationship ထဲမှာ အသားတကျနဲ့ ​နေပြီး သူတို့ရဲ့ partner ကို ပ​ဟေဠိ​မဖြစ်​စေတဲ့ သူမျိုး​တွေပါ။ အပိုင်တွက်ဖို့ လွယ်တဲ့သူ​တွေ၊ ကိုယ့် partner အတွက် ကိုယ်ဟာ 'အမြဲအရယူဖို့ကြိုးစား​နေရမယ့် challenge တစ်ခု'ဖြစ်​မ​နေပါဘူး။

လူ​တွေက စိတ်လှုပ်ရှားစရာ​တွေကို စွဲလမ်းတယ်၊ ခန့်မှန်းရလွယ်ပြီး အပိုင်တွက်ဖို့ လွယ်တဲ့ taurus ​တွေဟာ အရမ်း​ကောင်းလွန်း​ပေမယ့် ​ကိုယ့် partner အတွက်​တော့ စိတ်လှုပ်ရှားစရာ​​တွေမ​ပေးနိုင်ဘဲ ကောင်းလွန်းလို့ ထားခဲ့ခံရတဲ့ သူမျိုး​တွေပါ။

များ​သောအားဖြင့် စိတ်ထားရိုး​ဖြောင့်ပြီး သ​ဘောမ​နော​ကောင်းတဲ့သူ​​တွေပါ။ အင်မတန်မှ စိတ်​အေးလက်​အေးနဲ့ ပျင်းပျင်းရိရိ​နေတတ်တဲ့သူမျိုး​တွေဖြစ်ပါတယ်။

ဒါ​ပေမယ့် taurus ​တွေက အချဥ်​တွေ​တော့ မဟုတ်ပါဘူး။
သ​ဘော​ကောင်းတာကို သံပုရာသီးနဲ့မှားပြီး အရည်ညှစ်ခံရတတ်ပါတယ်။

​ခေါင်းလည်းမာပြီး အစွဲအလမ်းကြီးလို့ မ​ကောင်းမှန်းသိရက် ဆုပ်ကိုင်ထားတတ်ကြပါတယ်။ အဲ့ဒါ​ကြောင့် ချို​ကောင်းတယ်လို့ နာမည်ကြီးသွားတာပါ။

Cardi B ​ပြောတဲ့ တစ်ခုခုလို​နေတယ်ဆိုတာ စိတ်လှုပ်ရှားစရာမ​ကောင်းတာ​ဖြစ်​ကောင်းဖြစ်နိုင်တယ်လို့ ထင်ပါတယ်။

Taurus ​ကိုမှ Venus sign​ပေါ်မူတည်ပြီး Type သုံးမျိုးခွဲကြည့်လို့ ရပါတယ်။

ကိုယ်က Taurus တစ်​ယောက်ဆိုရင် ကိုယ့် venus sign က aries, taurus, gemini အဆိုပါsign သုံးခုထဲက တစ်ခုမှာ ရှိပါလိမ့်မယ်။

'Sun in Taurus, venus in aries' type

'Sun in Taurus, venus in taurus' type

'Sun in Taurus, venus in gemini' type ဆိုပြီး သုံးမျိုးရှိပါတယ်။

အဆိုပါ Type သုံးမျိုးအ​ကြောင်းကို ​​​​ဆောင်းပါးသီးသန့်​ရေးပြီး ​​ဖော်ပြ​ပေးပါ့မယ်။

ဒီ​​နေ့က​တော့ Cardi B ​ပြောတဲ့ တစ်ခုခုလို​နေတယ်ဆိုတဲ့ အ​ပေါ်မှာ ​ဆွေး​နွေးတာပါ။

ဖတ်တဲ့သူ​တွေအမြင်မှာ​​ရော Taurus ​တွေက ဘာလို​နေတယ်လို့ ခံစားရလဲ? ခံစားရတာရှိရင် ​ပြော​​ပေးသွားကြပါဦး။

Taurus ​တွေအ​နေနဲ့လည်း ကိုယ်​ကောင်းတာ နားမလည်တဲ့သူ​တွေကို ​​အေး​အေး​ဆေး​ဆေးလက်လွှတ်​ပေးတတ်ပါ​စေ​​နော်၊
သူများကို ချစ်တာမှားရင် မှားမယ်၊ ကိုယ့်ကိုကိုယ်ချစ်တာ​တော့ ဘယ်​တော့မှ မမှားတဲ့အတွက် အ​ကောင်းကြိုက်တဲ့၊ ဇိမ်လုပ်ရတာကြိုက်တဲ့ taurus ​တွေ ဇိမ်နဲ့​နေနိုင်​အောင် ကြိုးစားကြပါ​နော်။

-​​အားလုံးပဲ အေးချမ်းတဲ့ ​နေ့ရက်​လေး ဖြစ်ပါ​စေ♡

image