45 w - Translate

ရော်နယ်ဒိုရဲ့အမာခံပရိသတ်လေး IShowSpeed ကို မန်ချက်စတာ ယူနိုက်တက်အသင်းက စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ 😂

Speed ကို ယူနိုက်တက်ရဲ့အမှုဆောင်အရာရှိချုပ် အိုမာ ဘာရာဒါက အိုးထရက်ဖိုဒ့်ကွင်းကြီးဆီကို အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Speed ကတော့ ဘာမှန်းမသိပဲ ရောက်သွားခဲ့တာပါ။ ဟိုရောက်ခါမှ အိုမာက Speed ကို ယူနိုက်တက်အတွက် ပထမဆုံး စာချုပ်ချုပ်ဆိုမယ်ဆိုပြီး စပရိုက်လုပ်လိုက်တာပါ။

Speed ကတော့ သူ့ထုံးစံအတိုင်း မျော-က်အုန်းသီးကောက်ရတဲ့ အမူအရာနဲ့ ဝမ်းသာတကြီးနဲ့ကို တအံ့တဩဖြစ်သွားခဲ့ပါတယ်။

လက်မှတ်ထိုး စာချုပ်ချုပ်တာအပြင် အဝတ်လဲခန်းထဲမှာ အသင်းကြယ်ပွင့်ကစားသမားတွေရဲ့ဂျာစီဘေးမှာ သူ့နာမည်ပါတဲ့ ကျောနံပါတ် 7 ဂျာစီကိုလည်း ထားရှိပေးထားသေးတာပါ။

သူ့ဘဝတလျှောက်မှာ ရော်နယ်ဒိုနဲ့အပြင်မှာ လူချင်း‌တွေ့ဆုံခွင့်ရခဲ့တာရယ်၊ မကြာသေးခင်က ရန်ဒီအော်တွန်ရဲ့ RKO အကျွေးခံခဲ့ရတာရယ်ပြီးရင် ယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့ရတာက တတိယအကောင်းဆုံး အခိုက်အတန့်ပဲလို့ Speed က ပြောကြားခဲ့ပါတယ်။

Speed ကို ခေါ်ယူလိုက်တယ်ဆိုပေမဲ့ သူ့ခြေစွမ်းအရတော့ ယူနိုက်တက်မှာ ဘောကောက်အဆင့်တော-င် ရမှာမဟုတ်တာမလို့ စာချုပ်ထဲမှာ ဘာတွေပါဝင်လည်းဆိုတာကို သေသေချာချာ မသိရသေးပါဘူး။

Credit to football corner

image