24 w - Translate

#အာရှမှာ နံပါတ်တစ်
ကမ္ဘာမှာ နံပါတ်တစ်ဆယ့်တစ်ဝင်တဲ့
အချမ်းသာဆုံးသူရဲ့အမျိုးသမီး
ဒီအမျိုးသမီး
မိဘမျိုးရိုး လင်ယောက်ျား
ချမ်းသာကြွယ်ဝ ရှာဖွေထားလို့
လူတကာ အားကျရလောက်တဲ့အထိ
ပြီးပြည့်စုံတယ်လို့ သာမာန်တွေးပြီး
ငါ့မိဘ ငါ့ယောက်ျား
မစုမစောင်းမရှာမဖွေလို့ ငါတို့မှာတော့
ဒုက္ခတွေနဲ့ပဲလုံးချာလည်နေတာပဲလို့
မြင်တဲ့သူတွေ ရှိကောင်းရှိလိမ့်မယ်

မနေ့က ဇူကာဘတ်နဲ့ဘီးလ်ဂိတ်
နှစ်ယောက်တွဲပုံကိုတင်ပြီး
သူတို့နှစ်ယောက်ကို တွဲမြင်လိုက်တာ
အိမ်ကလင်ကို‌တောင် အထင်ကြီးစိတ်
လုံးဝမရှိတော့ဘူးဆိုတဲ့ ပိုစ့်ကိုတောင်
တွေ့မိသေး

တကယ်တော့ ဒီအမျိုးသမီး
ဒီလို ကြွယ်ဝချမ်းသာတယ်ဆိုတာ
ဒီဘဝတစ်ခုထဲ သူကြိုးစားခဲ့ရတာမဟုတ်ဘူး
ဘဝအဆက်ဆက် သူပြုခဲ့တဲ့ ကုသိုလ်
သူထားခဲ့တဲ့ စိတ်နေသဘောထား
ထို့အရာတွေကြောင့်သာလို့ ကျမထင်ပါတယ်
ဒီလို ကြွယ်ဝပြည့်စုံသူတွေကိုမြင်တိုင်း
စိတ်နေသဘောထားကောင်းမှ
ဘဝကောင်းရမယ်ပဲတွေးတယ် ပြင်တယ်
ကိုယ့်စိုက်ခဲ့တဲ့အပင်
ကိုယ်ရိတ်သိမ်းရတာပဲမြင်တယ်

ဒီဘဝမှာ ကောင်းတဲ့သူနဲ့လည်းဆုံတယ်
မကောင်းတဲ့သူတွေနဲ့လည်းကြုံဖူးတယ်
ဒါကလည်း ကိုယ်ပုံဖော်ခဲ့တဲ့ဝန်းကျင်ပဲ
အရာရာ ကောင်းမွန် ချင်ရင်
စိတ်သဘောထား မယုတ်ဖို့လိုတယ်
မသေးသိမ်ဖို့လိုတယ်
သူတပါးကြီးပွားချမ်းသာနေတာမြင်ရင်
အလှူလုပ်နေရင်
သာဓုမခေါ်နိုင်သလို ကြံဖန်ဝေဖန်
ဝမ်းမြောက်ဝမ်းသာမရှိ အကောင်းမမြင်
အပြစ်တင်ကဲ့ရဲ့တက်တဲ့ စိတ်နေသဘောထား
တွေကအစ သတိထားပြီးပြင်ရမယ်

ဒီဘဝဒုက္ခတွေနဲ့ကြုံတိုင်း
ငါလုပ်ခဲ့တာ ငါပြုခဲ့တာဆိုပြီး
လောကဓံကို ရင်ဆိုင်တယ်
နောင်သံသရာမှာ ဒီဘဝထက်
တစ်ဆင့်မြင့်ချင်လို့
သူများကဲ့ရဲ့ လိုက်ကဲ့ရဲ့လိုက်မယ်
အတင်းပြော လိုက်ပြောလိုက်မယ်ဆိုတဲ့
ကိစ္စလေးတွေကိုပါသတိထား
ဆင်ခြင်တက်လာတယ်
ဒီဘဝတောင် ဒီလောက်ဆပ်မကုန်တဲ့
အကြွေး နောင်သံသရာ မသယ်ချင်လို့
ပြင်မယ် ပြင်ရမယ် ပြင်ကြမယ်ပေါ့ရှင်

ကောင်းတာပဲကြိုက်ရင်
ကောင်းတာပဲလုပ်ရမယ်လို့
သဘောပေါက်ပြီးနောက် ဘယ်သူ့ကိုမှ
အပြစ်မတင်ပဲ ကိုယ့်အပြစ်ပဲကိုယ်မြင်အောင်ကြည့်ပါတော့တယ် မိသားစုဆိုတာ
ကံတူအကျိုးပေး ကံတူလို့
ဘဝတူတွေ လာဖြစ်ကြတာပါ
အိမ်ထောင်တစ်ခုမှာ တစ်ယောက်ယောက်က
ဘုန်းကံအရမ်းကြီးနေရင် ပါရမီဖြည့်ဘက်ရဲ့
ဘုန်းကံကလည်း နိမ့်လွန်းမနေတဲ့သူပဲဖြစ်မှာပါ
မဟုတ်ရင်အိမ်ထောင်လည်း မမြဲတက်ကြပါဘူးရှင်
စတော်ဘယ်ရီစားချင်ရင် ဆီးစေ့စိုက်လို့
မဖြစ်ဘူဆိုတာ သဘောပေါက်ပြီးနောက်
ကိုယ့်စိတ်ကို ကိုယ်ပိုသတိထား
ပြုပြင်ပါတယ်ရှင်

အားကျလိုက်တာဆိုပြီး
ကိုယ့်ဝန်းကျင်ကို အပြစ်မြင်လို့မရ
ကိုယ့်ပြုခဲ့တဲ့ ကိုယ့်ကံကို
ကိုယ်မြင်ပြီး ကံဆက်ဖို့
ကံပြင်ဖို့လိုတယ်လို့လည်းမြင်ပါတယ်ရှင်။

image