24 w - Translate

ငါက တော်ရုံနဲ့လည်း ဘယ်သူ့ကိုမှ မချစ်သွားတတ်သလို
ငါ ချစ်သွားရင်လည်း အဲ့ဒီသူက ငါ့အတွက် အရာရာတိုင်းပဲ

ငါ ချစ်သွားရင် သူ့ရဲ့ ကောင်းခြင်း ၊ ဆိုးခြင်းတွေကအစ
ငါ လက်ခံပေးနိုင်တယ် ။
ချောတာတွေ ၊ မချောတာတွေ ၊ ချစ်စရာကောင်းတာတွေ စံသတ်မှတ်ချက်တွေ ငါ ဘာမှ မတွေးတော့ဘူး ။
အဓိက ငါ ချစ်နေရရင် ရပြီ ။

ငါ ချစ်ရတဲ့သူနဲ့ ပတ်သက်ပြီး
သူ့ကို စိတ်ထိခိုက်သွားစေမဲ့
အလိမ်အညာလုပ်ရပ်တွေလည်း ငါ လုပ်မှာ မဟုတ်သလို ၊
flirtတာတွေ ၊ အီစီကလီ လုပ်ပြီး ငါ ချစ်ရတဲ့သူကို
စိတ်မချဖြစ်စေမဲ့ လုပ်ရပ်တွေ ငါ လုပ်မှာမဟုတ်ဘူး ။

ငါ ချစ်တဲ့သူအတွက် ယုံကြည်စိတ်ချစေမှုရယ်...
စိတ်လုံခြုံနွေးထွေးပေးနိုင်မှု နဲ့ ချစ်ခြင်းမေတ္တာကိုတော့
မရရအောင် ငါ ပေးနေမှာ ။
ငါကလည်း သူ့စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေမဲ့
လုပ်ရပ်တွေကိုပဲ လုပ်မယ် ။
သူ အထင်လွဲစေမဲ့ ကိစ္စတွေ
ငါ ဘာမှလုပ်ဖြစ်မှာ မဟုတ်ဘူး ။

ငါက လူတစ်ယောက်ကို ချစ်မိသွားရင်
အဲဒီသူနဲ့ပဲ နောက်ဆုံးအချိန်ထိ
အတူတူ ရှိသွားချင်တဲ့ typeမျိုးပါပဲ ။
ငါကလည်း သစ္စာမဲ့တဲ့ လုပ်ရပ်တွေ လုပ်မှာ မဟုတ်သလို ၊
ငါ့အပေါ် လာလုပ်ရင်လည်း လက်ခံမှာ မဟုတ်ဘူး ။

ငါက ချစ်မိရင် သူများနဲ့မတူဘူး ။
ငါချစ်မိသွားရင် အကြောင်းပြချက်လည်း မရှိတော့ဘူး ။
ငါ့ဘက်က အကောင်းဆုံး ကောင်းပေးနိုင်သမျှ
ပေးဆပ်နေမှာပဲ ။
ငါချစ်ပေးနိုင်သလောက် ချစ်ပေးနေမှာပဲ ။
ငါ့ဆီမှာ ရှိနေရတဲ့ အခိုက်အတန့်လေးမှာတောင်
ငါက ပျော်အောင် ထားနေမှာ ။

တစ်ခုရှိတာက ငါစိတ်နာသွားရင်လည်း
ဘယ်လောက်ပဲချစ်တဲ့သူဖြစ်ဖြစ်
ပြန်လှည့်ကို မကြည့်တာ ။
ငါက အရမ်းလည်း ချစ်တတ်သလို ၊
ငါ မုန်းမိသွားရင်လည်း သူများနဲ့ကို မတူဘူး ။

image