အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့ လူတွေချည်းပါပဲ။
ဘယ်ဆက်ဆံရေးမှ ရွှေရည်စိမ်နဲ့ မကင်းဘူး။
လူဆိုတာ ကိုယ့်အကျိုးလေးပါမှ စေတနာထားတတ်ကြတာ။
ဆီပေးလို့ ဆန်ရတာပါ။
ဒါကိုပဲ စကားလုံးလှအောင်
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ လို့
သုံးနှုန်းပြောဆိုနေကြတာ။
တကယ်တမ်းကျတော့ လူတွေဟာ
ဆရာတာရာမင်းဝေရဲ့ ကဗျာထဲကလို
လူတွေချစ်တယ်ဆိုတာက သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား။