24 w - Translate

ကျနော် ကံကောင်းသွားခဲ့လို့ပါ…
ထောင့်ကန်ဘောအတွက် နေရာယူနေရင်းနဲ့ ကွင်းထဲမှာ ဘောလုံးတစ်လုံး ကျနော်တွေ့လိုက်တယ်၊ ဒါကို ဘောကောက်ကောင်လေးဆီ ကျနော်ပြန်ပေးလိုက်တယ်။ ပြီးတော့ ဂိုးရှေ့မှာ ကျနော်နေရာပြန်ယူဖို့လုပ်နေရင်း ထောင့်ကန်ဘောအလံတိုင်နားကို လှမ်းကြည့်လိုက်တယ်၊ ထောင့်ကန်ဘောကန်တင်မယ့်သူပေါ်မူတည်ပြီး ကျနော့်နေရာယူပုံကို အပြောင်းအလဲလုပ်သင့်ရင် လုပ်ရမှာမို့လို့ပါ…
ဒီမှာ အာနိုးလ်က ကျနော့်ကို လှမ်းကြည့်နေတာ တွေ့လိုက်ရတယ်။ သူတစ်ခုခုလုပ်တော့မယ်၊ ဘာကာခံစစ်ကို အငိုက်ဖမ်းတော့မယ်လို့ ကျနော်သဘောပေါက်လိုက်တယ်…
ထင်ထားတဲ့အတိုင်းပဲ သူကထောင့်ကန်ဘောကို မြန်မြန်ဆန်ဆန် ကန်တင်ပေးလိုက်ချိန်မှာတော့ ကျနော်ခန္ဓာကိုယ်ဟန်ချက်ကို အမြန်ဆုံးပြန်ပြင်ခဲ့ရတယ်။ အဲ့ဒါ ကျနော့်အတွက် တော်တော်ခက်ခဲပါတယ်…
အစောပိုင်းမှာ ကျနော်နေရာယူထားပုံက ဂိုးပေါက်ကိုကျောခိုင်းထားတဲ့ အနေအထားဖြစ်နေလို့ပါ။ ဒါကို အမြန်ဆုံး ပြန်ပြင်ရတယ်။ ပြီးတော့ ဂိုးထဲလှမ်းမကန်ခင် တစ်ချက်ကြည့်လိုက်တော့ တာစတီဂျန်နဲ့ ပီကေးနှစ်ယောက်စလုံးက ဂိုးပေါက်အလယ်တည့်တည့်မှာရှိနေတယ်။ ဒါကြောင့် အတော်လေးခက်ခက်ခဲခဲ သွင်းယူခဲ့ရပါတယ်…
ကျနော်နဲ့အာနိုးလ် လေ့ကျင့်ရေးကွင်းမှာ ဒီလိုပုံစံကို အကြိမ်ရေအနည်းငယ် လေ့ကျင့်ခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ရဲ့ကိုယ်ဟန်အမူအရာကိုကြည့်ပြီး ဒီပုံစံကန်တင်တော့မယ်လို့ ကျနော်ရိပ်မိခဲ့တာပါ…
ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှာ သေချာအစီအစဉ်ချပြီး လေ့ကျင့်တာတောင် ဒီလိုကန်သွင်းမှုတွေမှာ ကျနော်ဂိုးမဝင်တာများပါတယ်။ တကယ့်ပွဲမှာ အဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန်ကြီးဖြစ်သွားတာဆိုတော့ ဂိုးဝင်ဖို့ ပိုပြီးအခွင့်အလမ်းနည်းတာပေါ့။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ဘောလုံးက ဂိုးဝင်သွားခဲ့တယ်၊ ဒါဟာ ကျနော်ကိုယ်တိုင်အတွက်ရော၊ အသင်းအတွက်ရော အများကြီးအရေးပါတဲ့ဂိုးတစ်ဂိုးဖြစ်ခဲ့တယ်…
အဲ့ဒီအတွက်လည်း ကျနော်အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်…
(အော်ရီဂီ)
ဒီနေ့ကတော့ အော်ရီဂီရဲ့ ၂၉နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်…
Happy Birthday Divock Origi!

image