24 w - Translate

တစ်ခါက လူတစ်ယောက်ဟာ သူရဲ့ နွားကိုသတ်ပြီး
အိမ်မှာ အမဲကင်ထားပါတယ် .ပြီးတော့ ချစ်ခင်ရတဲ့
သူတွေနဲ့ အိမ်နီးချင်းတွေကို သူတို့နဲ့အတူ ကျွေးမွေးဖို့
သူ့သားကို ခေါ် ခိုင်းပါတယ်....
သူ့သားက အိမ်ပြင်ထွက် လမ်းမပေါ်တက်ပြီး "
ကယ်ကြပါဦး ။ ဒီမှာ အဖေ့အိမ် မီးလောင်နေလို့
လာကူကြပါဦး" ဆိုပြီး အော်ခေါ်လိုက်တယ်။
ခဏကြာတော့ လူတချို့ရောက်လာကြပေမယ့်
ကျန်တဲ့သူအများစု က တော့ အကူညီတောင်းတာကို
မကြားချင်ယောင် ဆောင်နေလိုက်ကြပါတယ်.
ဖခင်ဟာ အံ့အားသင့်စွာနဲ "သားရေ..
အခုလာတဲ့သူတွေဟာ တခါမှ မမြင်ဖူးတဲ့သူစိမ်း
တွေပါလား ကွ...တို့ အမျိုးတွေ မိတ်ဆွေ အသိတွေလည်း
မပါပါ့လား"လို့မေးလိုက်တယ်..
သားက " အဖေ ဒီလာကူတဲ့သူတွေဟာ အိမ်ကို မီးလာ
သတ်ပေးဖို့ ထွက်လာကြတာ..ပါတီပွဲစားသောက်ဖို့
လာကြတာမဟုတ် လို့ .သူတို့ကိုသာ အမဲကင် နဲ့
ရက်ရက်ရောရောနဲ့ ဧည့်ဝတ်ပြုကြမယ် "လို့
ပြန်ပြောလိုက်တယ်....
လူတွေကို ဒုက္ခဆိုတဲ့ ပြဿနာတွေနဲ့ စမ်းသပ်ကြည့်တဲ့
အခါ ဖုံးကွယ်ထားတဲ့ အတွင်းစိတ်တွေ သိလာရပါတယ်...ရေစုန်မှာ အတူမျောချင်ကြပေမဲ့ ရေဆန်ကို
အတူ သွားဖို့ ဆန္ဒမရှိကြပါဘူး..သုခကို အတူ ဝေမျှ
လိုပေမဲ့ ဒုက္ခကို မျှဝေလက်မခံလိုကြတာ လောက
ဓမ္မတာပဲ ဖြစ်ပါတယ်..
အကယ်၍များ ကျွန်မတို့ရဲ့ဒုက္ခ ပြဿနာ တွေ ကို သာ
အတူမျှဝေခံစားမဲ့မိတ်ဆွေ များ ရှိခဲ့ရင် လက်လွတ်မခံပါ
နှင့် .ထိုကဲ့သို့ .မိတ်ဆွေစစ်များကို ဘဝတစ်လျှောက်လုံး အမှန်တကယ် တန်ဖိုးထား အသိမှတ်ပြုပြီး လက်တွဲ
ကြရမှာသာ ဖြစ်ပါတယ်...။

Credit

image