24 w - Translate

ပရီးမီးယားလိဂ်မှာ (၈)ပွဲဆက်ရှုံးပွဲမရှိကစားပြီး ဥရောပဝင်ခွင့်ကို ပစ်မှတ်ထားလာတဲ့ ချယ်လ်ဆီး

ယခုရာသီတွင် ရလဒ်များဆိုးရွားခဲ့သော ချယ်လ်ဆီးအသင်းသည် ယခုနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲများ၌ ရလဒ်များပြန်ကောင်းလာပြီး နောက်ဆုံးကစားခဲ့သော (၈)ပွဲဆက်တိုက်ကို အရှုံးမရှိအောင် ကစားနိုင်ခဲ့သည်။နည်းပြ ပိုချက်တီနို ရဲ့ ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီလ(၄)ရက်နေ့က ဝုလ်ဗ်အသင်းအား အိမ်ကွင်းတွင် (၂-၄)ဂိုးနှင့် ရှုံးခဲ့သည့်ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်တွင် ရှုံးပွဲမတွေ့တော့ဘဲ နောက်ဆုံး(၈)ပွဲ၌ (၄)ပွဲနိုင်(၄)ပွဲသရေ ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ရမှတ်များပြန်လည်ရယူနိုင်ခြင်းနှင့်အတူ အမှတ်ပေးဇယားတွင်လည်း ယခင်အဆင့်များဖြစ်သည့်အဆင့်(၁၀၊ ၁၁)များမှ အပေါ်သို့တက်ကာ အဆင့်(၉)သို့ ရောက်လာခဲ့သည်။လက်ရှိတွင် ရမှတ်(၄၇)မှတ်ရရှိနေသော ချယ်လ်ဆီးအသင်းအနေဖြင့် ဥရောပဝင်ခွင့်ရ အဆင့်(၆)နေရာမှ နယူးကာဆယ်အသင်းနှင့် (၃)မှတ်သာကွာဟသောအနေအထားသို့ရောက်လာခဲ့သည်။ချယ်လ်ဆီးအသင်းအနေဖြင့် ရာသီလက်ကျန်ပွဲစဉ်များတွင် ရမှတ်များရယူပြီး လာမည့်ရာသီဥရောပဝင်ခွင့်ကို အရယူနိုင်မလားဆိုသည်အား စောင့်ကြည့်ရမည်ဖြစ်သည်။

image