24 w - Translate

တိုင်ပင်လို့ရတဲ့သူ ♥

ဘဝမှာအလိုအပ်ဆုံးထဲတစ်ခုက
ကိုယ်ရဲ့စိတ်ခံစားချက်၊ ကိုယ့်ထင်မြင်ချက်ကို
ယုံယုံကြည်ကြည်နဲ့ တိုင်ပင်လို့ရတဲ့သူပါပဲ...🗣

သူနဲ့စကားပြော၊ သူနဲ့အတူနေရရင်ကို ပျော်နေမိ
တယ်။
ကိုယ့်ဆီမှာရွေးချယ်စရာရှိရင်လည်း
သူကသေချာလေးနားထောင်ပေးပြီး
A ကိုလုပ်ရင်တော့ ဘာဖြစ်မယ်။
B ကိုလုပ်ရင်တော့ ဘာဖြစ်မယ်ဆိုပြီး
ရှင်းပြရုံတင်မက ဘယ်တစ်ခုက
ကိုယ့်နဲ့ပိုသင့်တော်လဲဆိုတာကိုလည်း
အကြံပေးပါသေးတယ်...😇

သူ့ကြောင့် ကိုယ့်ရဲ့ဘဝလေးက
တစ်စိတ်တစ်ပိုင်း တောက်ပရတယ်။
သူသာမရှိရင် ကိုယ့်ရဲ့ရွေးချယ်မှုတွေက မှားနိုင်ပါတယ်။
ကိုယ့်ခံစားချက်တိုင်းကလည်း မှန်ကန်နေတာမှ
မဟုတ်ဘူးလေနော်...🕸

အချို့လူတွေဆို ကိုယ်ကတိုင်ပင်လိုက်ပါတယ်
ဒါပေမယ့် ဖြစ်စလက်ခတ်တုန့်ပြန်တော့
ကိုယ်ခံစားနေတာက မှားနေသလို၊
ကိုယ်ကပဲ ကြောင်နေသလို ဖြစ်စေပါတယ်...။
တိုင်ပင်လို့ရတဲ့သူဆိုတာ တကယ်ကိုရှားပါတယ်...🦋

ဒီစာကိုဖတ်နေတုန်း ကိုယ်သတိရလိုက်တဲ့သူက
ကိုယ်တိုင်ပင်လို့ရတဲ့သူပါပဲ...။
သူ့ကိုတန်ဖိုးထားဖို့ပြောချင်ပါတယ်နော် 😉

-have a good day🤎✨

image