24 w - Translate

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်Clean Sheet အများဆုံး စံချိန်တင်ခဲ့တဲ့ နော်ယာ

ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမန်လက်ရွေးစင်ဂိုးသမား မန်ဝယ် နော်ယာသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ် ဘိုင်ယန်မြူးနစ်(၁-ဝ)အာဆင်နယ်ပွဲတွင် ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် Clean Sheet(ဂိုးမပေးရသောပွဲ)အများဆုံးစံချိန်တင်နိုင်ခဲ့သည်။ရှော်ကေး(၂၀၀၅-၂၀၁၁)အသင်းနှင့်ဘိုင်ယန်မြူးနစ်အသင်း(၂၀၁၁-၂၀၂၄)တွင် (ခြေစစ်ပွဲများမပါ)ချန်ပီယံလိဂ်ပွဲပေါင်း(၁၃၆)ပွဲကစားခဲ့သော နော်ယာသည် Clean Sheet (၅၈)ပွဲရယူကာ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဂိုးသမား အီကာ ကားဆီးယက်စ်၏ (၅၇)ပွဲစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ကားဆီးယက်စ်သည် ရီးရဲလ်မက်ဒရစ်အသင်း(၁၉၉၉-၂၀၁၅)နှင့်ပေါ်တိုအသင်း(၂၀၁၅-၂၀၂၀)တို့တွင် ချန်ပီယံလိဂ်ပွဲပေါင်း(၁၇၇)ပွဲကစားကာ Clean Sheet (၅၇)ပွဲ ရယူခဲ့ခြင်းဖြစ်သည်။နော်ယာသည် ချန်ပီယံလိဂ်ဆုဖလားကို ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ နှစ်ကြိမ်(၂၀၁၃၊ ၂၀၂၀)ဆွတ်ခူးခဲ့ဖူးပြီး ချန်ပီယံလိဂ်ဆုဖလားကို အသင်းခေါင်းဆောင်အဖြစ် ကိုင်မြှောက်နိုင်သော ဂိုးသမား(၆)ဦးထဲတွင် တစ်ဦးအဖြစ်ပါဝင်သူဖြစ်သည်။

image