ဘာစီလိုနာက သူ့တိုင်းသူ နိုင်နေပြီ။
ပီအက်စ်ဂျီ ပြန်လာဖို့လည်း ရာခိုင်နှုန်း
တော်တော်လေး နည်းသွားပြီ။
ပထမအကျော့က အဝေးကွင်းမှာ
နိုင်ထားတဲ့အသင်းကို အိမ်ကွင်းမှာ
(၁-၀)နဲ့ ပြန်ဦးဆောင်ထားတော့
ပီအက်စ်ဂျီပြန်လာချင်ရင် အနည်းဆုံး
(၃)ဂိုးပြန်လိုက်သွင်းမှရမယ်။
မဖြစ်နိုင်တော့ဘူးလို့ ထင်နေတုန်းမှာပဲ
ဘုန်းခနဲဆို အာရာရူဂျိုက
ပီအက်စ်ဂျီကစားသမားနောက်ကို
ဘောလုံးလိုက်လုရင်း ဖောင်းဘော
ဖြစ်သွားတယ်။
နောက်ဆုံးနောက်ခံလူဖြစ်နေတော့
ဒိုင်က တိုက်ရိုက်အနီကတ်ပြလိုက်တယ်။
ကြည့်နေတဲ့သူတွေ အကုန်လုံး
လုံးဝ ရှော့ခ်ရသွားတယ်။
အနီကတ်ပေးရမယ့် ပြစ်ဒဏ်မဟုတ်ပေမဲ့
စည်းထဲဘောင်ထဲရှိနေတယ်။
တစ်ယောက်လျော့သွားတဲ့အချိန်မှာ
ပီအက်စ်ဂျီက ကစားကွက်ပိုင်းအရ
အသာစီးယူနိုင်သွားပြီ။
ဒီကြားထဲ ဒမ်ဘီလီကလည်း
ဘာစီလိုနာကို တော်တော်လေးကို
နာကျည်းနေပုံရတယ်။
ရုန်းချက်က နိုင်းပလပ်ပဲ။
အဆုံးသတ်တော့ ဘာစီလိုနာအသင်း
ဂိုးပြတ်ရှုံးသွားတယ်။
ဒီပွဲကနေ ရလိုက်တဲ့ သင်ခန်းစာက
နှစ်ခုပဲ ရှိပါတယ်။
၁ ယောက်လျော့နေတဲ့အသင်းဟာ
ချန်ပီယံလိဂ်လို လယ်ဗယ်မျိုးမှာ
ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာရယ်၊
အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းကို
တစ်ယောက်အသာစီးနဲ့
ငါတို့နိုင်ခဲ့တာ ဒီလိုပါလားဆိုတာမျိုးပေါ့။