25 w - Translate

အမည်မသိတဲ့ ဖုန်းနံပါတ်တွေကို Google Phone App မှာ ပြသတော့မည်
==========================================

Truecaller လို App တွေမှာ သင့် Contact ထဲမှာ မရှိတဲ့ ဖုန်းဝင်လာရင် အဲဒီဖုန်း ပိုင်ရှင်ရဲ့ အမည်နဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်ပါတယ်။ အခုတော့ Google က သူ့ရဲ့ Phone App မှာ အဲဒီ စွမ်းရည်ကို ထည့်သွင်းပေးတော့မှာပါ။

Google Phone App Beta Version 127.0.620688474 မှာ သင့် Contact မဟုတ်တဲ့ ဖုန်းနံပါတ်တွေရဲ့ အောက်မှာ “Lookup” Option ကို တွေ့လာရပါတယ်။ သင်က “Lookup” ကို နှိပ်ရင် Google မှာ အဲဒီဖုန်း ပိုင်ရှင်ကို ရှာပေးမှာ ဖြစ်ပါတယ်။

သင့် Contact ထဲမှာ မရှိတဲ့ ဖုန်းဝင်လာရင် Google Phone App ထဲမှာပဲ လျှင်မြန်လွယ်ကူစွာ ရှာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ User တွေအတွက် တော်တော် အသုံးဝင်ပါတယ်။

ဒီ Feature ကို မတ်လကတည်းက ဂျပန်မှာ ထည့်သွင်းပေးထားပြီး နိုင်ငံတကာအတွက် ဇွန်လမှာ ဖြန့်ချိပေးနိုင်ပါတယ်။
Credit to DigitalTimes
Ref : gsmarena

image