25 w - Translate

တနေ့က ကျောက်ခက်မှာ ထိုးသွားတဲ့ ပွဲမှာ မြန်မာပြည် ချန်ပီယံ သွေးသစ်ဝင်းလှိုင်က အီရန်ဖိုက်တာကို လက်ကျိုးအောင် ပြင်းထန်တိကျတဲ့ ပါဝါကန်ချက်နဲ့ ကန်ပြီး အနိုင်ယူခဲ့ပါတယ်။
သွေးသစ်ဟာ ကျောက်ခက်မှာ ထိုင်းဖိုက်တာကိုလည်း လက်ကျိုးအောင် ကန်ပြီး အနိုင်ယူခဲ့ဖူးတာပါ။
သို့သော် အလီနဲ့ အိုရန် တို့က သွေးသစ်အတွက် ပြိုင်ဘက်ကောင်းတွေ မဟုတ်ပဲ လက်ရည်နွှေးတဲ့ ပွဲမျိုးတွေပဲ ဖြစ်တာကို ပရိတ်သတ်တွေက သဘောပေါက်ထားပါတယ်။
ပရိတ်သတ်တွေ တကယ် စိတ်ဝင်စားနေတာက ONE မှာ သွေးသစ်ကို ဘယ်တော့ တွေ့ရမလဲ ဆိုတာပါပဲ။
ဒါကတော့ သွေးသစ်ဟာ မြန်မာပြည် ချန်ပီယံ ဖြစ်နေတာကြောင့် ရိုးရာအဖွဲ့အချုပ်ဘက်က လုပ်စရာ လုပ်ငန်းစဥ်လေးတွေ ရှိနေပြီး လ အနည်းငယ် ကြာလို့ အကုန်အဆင်ပြေ သွားရင် ONE မှာ တွေ့ရတော့မှာပါ။
ပရိတ်သတ်တွေ နောက်ထပ် စိတ်ပူနေတာတခုလည်း ရှိပါသေးတယ်။
ပြိုင်ထိုးဆိုင်ထိုးကို အသားပေးတဲ့ ONE မှာ ကောင်တာ သမား ဖြစ်တဲ့ သွေးသစ် အံဝင်ပါ့မလား၊ တကယ်လို့ ပြိုင်ဘက်ကလည်း ကောင်တာ သမား ဆိုရင် ပွဲက အလွန်အေးပြီး ONE စီအီးအို ချက်ထရီက စာချုပ် ထပ်ချုပ်ပါ့မလား ဆိုတာတွေပါ။
တကယ်တမ်း လက်ဝှေ့နဲ့ မွေထိုင်းနည်းစနစ်တွေကို နိုင်ငံတကာအဆင့်အထိ ထဲထဲဝင်ဝင် လေ့ဖူးရင် သွေးသစ်ရဲ့ကစားဟန်က ပညာရှင်တစ်ယောက် ဆိုတာကို သိနိုင်ပါတယ်။
အရမ်းအေးပြီး ကောင်တာ တပေါက်ပဲ ရတယ်၊ ပတ်ပြေးတယ်ဆိုတဲ့ အပေါ်ယံ အမြင်တွေက မမှန်ပါဘူး။
ပြီးတော့သွေးသစ်က ပင်ကိုယ်တော့ ဘယ်သန်မဟုတ်ပါဘူး။ ညာသန်ပါ။ ဘယ်ကစားပေါက်ကို အသားပေး ပြီး သေချာ လေ့ကျင့်ထားလို့သာ ဘယ်သန် လို့ ထင်ရပါတယ်။
ဒါကြောင့် ပညာမြင့်တဲ့ သွေးသစ် အနေနဲ့ ပြိုင်ဘက်ရဲ့ အနေအထား၊ ပါဝါ၊ အရှိန်အဝါနဲ့ ကစားဟန်ကို ကြည့်ပြီး လိုသလို ပွဲကို ချည်းကပ် နိုင်တယ်။
ဘယ်/ညာ ကို လျှပ်တပြတ်အတွင်း အပြောင်းအလဲ သုံးတတ်တယ်။ တိုက်ကွက်တွေကလည်း အားပါတယ်၊
ဒါကြောင့် ပြိုင်ဘက်က ကောင်တာ သမားဖြစ်ပြီး သွေးသစ်ကို ကောင်တာသမားချင်း distance ခွာပြီး တစ်ချိန်လုံး ရှောင်တိမ်းပြီး အမှတ်ယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရင်ဆိုင်ရင် သူ့အတွက် အင်မတန် သနားစရာကောင်းတဲ့ ရွေးချယ်မှု ဖြစ်သွားပါလိမ့်မယ်။
ပြိုင်ဘက်က ဖွင့်ထိုးတဲ့ ဖိုက်တာ သမားဆိုရင်လည်း weight ချင်းသာ တူပါစေ၊ သွေးသစ်ရဲ့ တိုက်ကွက်တွေအောက်မှာ ပြားပြားမှောက်သွားပါလိမ့်မယ်။
ဒါကြောင့် သွေးသစ်ရဲ့ ကစားဟန်ဟာ ONE မှာ အံဝင်ပါ့မလား ဆိုတာကို သိပ်ပူစရာ မလိုပါဘူး။
သူသာ ကြံ့ခိုင်မှု အပြည့်နဲ့ ကျန်းကျန်းမာမာ ရှိနေရင် ONE မှာလည်း တောက်ပ အုံးမှာပါ။
သွေးသစ် အနေနဲ့ဖြစ်နိုင်ရင်တော့ ဝိတ်ကို 2 kg လောက် ထပ်ချပြီး ကြွက်သား ထုထည်ကို ခုထက်ပို တည်ဆောက်ထားစေချင်တယ်။
သွေးသစ်ကို ONE မှာ ဝန်းရံဖို့ မြန်မာ တစ်နိုင်ငံလုံးက ရိုးရာလက်ဝှေ့ဖန်တွေကတော့ မစောင့်နိုင် ဖြစ်နေကြပါပြီ။
ကဲ.. သွေးသစ်ရေ..
အဆင်ပြေရင် လက်ခုတ်သံလေး ကြားချင်တယ်...
..
Credit to စိုးနေ့သစ်

image