25 w - Translate

#အသက် ၇၀ ကျော်လာရင် လူကြီးတွေ ဦးနှောက်က စကျုံလာပြီလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ်
အသက် ၇၀ ကျော် မိဘတွေရှိလာတဲ့အခါ အများကြီးနားလည်ပေးရမယ်

စိတ်ရှည်ပေးမယ်။
အာရုံကြော အားလုံးကျုံလာတဲ့ခါ ထိန်းချုပ်ခြင်းတွေ နည်းလာပြီ
စကား ပွစိပွစိပြောလာမယ်
ကိုယ် မသန်စွမ်းဘူး ထင်မှာစိုးလို့ အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ် အဲဒီအခါ
နောက်က ပြန်လိုက်လုပ်ရတဲ့ သားသမီး တွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလို ပြန်ဖြစ်လာပြီး
ဝမ်းနည်းလာမယ်
အထီးကျန်လာမယ်
မပြောရဲ မဆိုရဲ ဖြစ်လာကြတယ်။
အဲဒီအချိန်မှာ ...
လူကြီးလိုလည်း လေးစားပြီး ကလေးလို သဘောထားပေးရမှာပါ။
တခုခုဝယ်ပေးတဲ့အခါတိုင်း အဖေတို့အမေတို့မှာ ရှိတယ် မလိုဘူး အမြဲငြင်းတတ်လာမယ်။
ဒါဟာ အပို မကုန်စေချင်လို့ပါ တကယ်တော့ ကျေနပ် ဝမ်းသာနေတာ။
အသက်ကြီးနေပြီ ဘုရားတရားပဲ လုပ်ပါလားလို့ ကျနော်တို့ တိုက်တွန်းလို့ မရပါဘူး
အသက်ကြီးလာလေလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့ အကြောင်းအရာတခုကို ကြာကြာစိတ်ဝင်စားတာမျိုး
မရှိတော့ပါဘူး။
ကျနော်တို့ လူကြီးမိဘတွေကို ။
စားချင်တာ ဝယ်ကျွေးရမယ်။
သူတို့ လုပ်ချင်တဲ့ အိမ်မူကိစ္စ မသေသပ်ပေမဲ့ ပေးလုပ်ရမှာပါ။
အသစ်အသစ်တွေ ဝယ်ပေးသော်လည်း အဟောင်းကို မစွန့်ပဲ သိမ်းထားတတ်ကြတာလည်း အသက်ကြီးသူတွေက ကလေးလိုမို့ နှမြောလာပြီး မစွန့်နိုင်ကြတာပါ ။
အသက်ကြီးလာတဲ့ တချို့သော မိဘတွေဆို သားသမီးက အဝေးကနေ လိုလေသေးမရှိ ပို့ပေးကြပေမယ့် သူတို့လိုချင်တာက အဲဒါမဟုတ်ဘူး
နွေးထွေးမူ အလေးထားမူ စကားပြောပေးတာမျိုး လိုချင်ကြတာပါ။
ကျနော်ကတော့ ကလေးတွေနဲ့ အနေကြာလာတော့ ကလေးစိတ်ကို ဖတ်ရင်း သူတို့လေးတွေ ပြောသမျှ တိုင်သမျှ
ကို နားထောင် ဖြေရှင်း ပေးတတ်သူ တယောက်မို့ လူကြီးတော်တော်များများစိတ်ကိုလဲ လေ့လာပြီး နားလည်ပေးရပါမယ်။
လိုအပ်သမျှလည်း တတ်နိုင်သလောက် ကူညီပေးပါမယ် ။
သား သမီးတိုင်း မိဘတွေရဲ့ စိတ်ကို နားလည်ပေးနိုင်ကြပါစေ။
credit

image